April 04, 2008

သင်္ကြန်ပိတောက်နဲ့အတူ


နွေရာသီရဲ့ပွဲတော်မှာ
ကျွန်တော့် ဘ၀ထဲကို အမှတ်မထင်ရောက်လာသူ.......
ပန်းပိတောက်တွေ ပန်ဆင်ထားတဲ့ ဆံနွယ်လေးတွေက လေအဝှေ့မှာ ကဗျာတစ်ပုဒ်ပါပဲ။
ပိတောက်ပန်းချစ်တဲ့ “မ” ရေ...

နွေဟာ "မ" ကြောင့်အေးမြသွားပြီ.
"မြင်မြင်ချင်းအချစ်"ဆိုတာကို လက်ခံလိုက်တဲ့ နေ့လေးတစ်နေ့
ကျွန်တော့်အတွက်တော့ အားလုံးအမှတ်တရတွေချည်းပါပဲ.
ကျွန်တော်"မ" ကိုစိတ်ဝင်စားတယ်။

ရွှဲရွှဲစိုနေတဲ့ မရဲ့အလှမှာ တဒင်္ဂ ကျွန်တော်နစ်မွန်းသွားတာတော့ ခွင့်လွှတ်ပေးပါ
အားလုံးကရေ၀ိုင်းလောင်းလို့ “မ”နှုတ်ခမ်းတွေတောင်ပြာလို့
"မ" သိပ်ကိုအေးနေမှာပဲနော်....
အအေးဒဏ်ကို ကာကွယ်ဖို့ ကျွန်တော့် သန်ဘက်လေးထုတ် ပေးတော့
ရီဝေေ၀အကြည့်တွေနဲ့ ကျေးဇူးစကားဆိုတယ်.......
နှုတ်ဖျားက ထွက်ကျလာတဲ့စကားလုံးတွေက သင်္ကြန်ရေလို အေးမြလို့
နွေနေပူရဲ့နေ့လည်ခင်းကြီးမှာ ကျွန်တော့်ရင်ဘတ်ထဲက ဖြတ်ပြီး
အရှိန်ပြင်းတဲ့ ရထားတစ်စင်းခုတ်မောင်းသွားတယ်"မ"ရေ......
အားလုံးက တိတ်တခိုးဆိုတယ်
"ကိုယ်ရံတော်"တဲ့။
စနောက်ကြတဲ့စကားလုံးပေမယ့် တစ်ကယ့်သူရဲကောင်းတစ်ယောက်လို
"မ"နားမှာ စောင့်ကြပ်လို့
မခွဲနိုင်မခွာရက် နဲ့ပေါ့
ထွက်ပြေးသွားမှာ လည်းစိုးရိမ်တယ်လေ...

"မ" တစ်ယောက်သာ မကြည့်လို့ မသိပေမယ့် အားလုံးက တွေ့နေကြပါတယ်
ဒီကောင်လေးရဲ့ ရင်ဘတ်ထဲကိုပေါ့...
အပျံသင်စငှက်တစ်ကောင်ရဲ့ ဝေဒနာတွေကို
ကွယ်ရာမှာ ဟာသလုပ်ပြီး ပျက်လုံးမလုပ်ပစ်လိုက်ပါနဲ့"မ"ရယ်.
ကျွန်တော် ချစ်တာ ပိတောက်တွေလည်း သိပါတယ်...
ကျေးဇူးပြု၍...
သင်္ကြန်ရေနဲ့အတူ ရင်ထဲက ဝေဒနာတွေကို ကုစားပါ...။

13 Comments:

မြန်မာပြည်ကိုလွမ်းတယ် said...

ကိုယ်ရံတော်သူငယ်ချင်းရေ..သက်ဆိုင်သူ
ကိုသင်္ကြန်မှာဆုံတွေ.ပြီး အေးမြတဲ့သင်္ကြန်
ရေကြောင့်ဝေဒနာတွေ ပျောက်သွားပါစေ
လို.ဆုတောင်းပေးလိုက်တယ်နော်။

Anonymous said...

ကိုယ်ရံတော်လေးရေ့ ရင်ထဲကဝေဒနာတွေကို သင်္ကြန်ရေနဲ့ အတူ ကုစားနိုင်ပါစေဗျာ မကြည့်လို့ မသိတဲ့ မ ကို သိအောင်လုပ်ပေါ့ဗျာ ချစ်မှာလား မချစ်ဖူးလားလို့  မေးလိုက် မချစ်ဘူးဆို ပစ်ထည့်လိုက် ရေပြွက်နဲ့း)။ အဖိုးကြီး ဘာမှ မ တွေ လာလုပ်မနေနဲ့  မယုံဘူး ဘာဖစ်လဲ ညီမလေးဆို ညီမ ၊ အဒေါ်ဆို အဒေါ် ၊ အဖွားဆို အဖွားပေါ့ အချစ်မှာ မျက်စေ့မရှိ ချစ်တာ တစ်ခုပဲ လိုတယ် ချစ်သာချစ် အလာကားရတယ် ။ ဟားဟားး

မေမိုးမခ said...

အကြံတစ်ခုပေးမယ်
သင်္ကြန်လည်ရန် ရည်စားတစ်ယောက် အလိုရှိသည် ဓါတ်ပုံ ၃ပုံနှင့် တကွ လူကိုယ်တိုင် လာရောက်ရှောက်ထားနိုင်ပါသည် လိုကြေငြာလေ အဲဒါဆိုရင် အဆင်ပြေမယ်ထင်တယ်။ ဟီးဟီး စတာနော်။
မ မရှိရင် ဘုန်းကြီးကျောင်းမှာ ဥပုဒ်စောင့်ပေါ့

မင်းကျန်စစ်။ said...

ဒီကဗျာလေးတော့ သိပ်ကြိုက်ပြီဗျာ။ စာလုံးလေးတွေ သုံးပုံ သိပ်နုတယ်။ ခံစားချက်ကို ပေါ်လွင်စေတယ်။ အဖြစ်အပျက်ကို မြင်သာစေတယ်။ ချီးကျူးမိတယ်ဗျာ။ ကျနော် ဝတ္ထုေ၇းတာတောင် ဒီကဗျာကို မမှီလောက်ဘူး ထင်ပး)

လားရှိုးသူ said...

မြန်မာ သင်္ကြန်ကိုတောင် တမ်းတ လာတယ်၊ သိပ်ကောင်းတာဘဲ။

Unknown said...

ရွှဲရွှဲစိုနေတဲ့ မရဲ့အလှမှာ တဒင်္ဂ ကျွန်တော်နစ်မွန်းသွားတာတော့ ခွင့်လွှတ်ပေးပါ......
ဆိုတော့ ....ကောင်လေးရေ မျက်လုံးက ဘယ်ကိုကြည့်နေလဲဟေ.........

Han Thit Nyeim said...

နွေရောက်တဲ့အခါ
မုန်တိုင်းထန်မယ်
ပိတောက်နဲ့အတူကွယ်။

Unknown said...

အဟမ်း..အဟမ်း..မသိရင် သူပဲအသဲကွဲနေသလိုလို...ဘာလိုလို...အဟမ်း..အဟမ်း..အရပ်ကတို့ရေ...တော်ပြီ မပြောတော့ဘူး..လာ ကျော်ထူး ပြန်ရအောင် :P

Mhu Darye said...

အဟမ်း...ကျော်ထူးတစ်ယောက်လည်း အတော် အလုပ်များမှာပဲ။ ဟိုလူခေါ်၊ဒီလူခေါ်... :D...ဩော် ဒါကြောင့်...ကိုယ်သူ့ကို ခုတလော ရှာမတွေ့တာကိုး။
ဒါနဲ့
"မ" တစ်ယောက် သိရက်နဲ့ မကြည့်တာပါ။ သူကလည်း မိန်းမသားကိုး။ ရေနာနာပက်လေ။ ခဏခဏ မျက်စောင်းတွေ လှည့်ပစ်လိမ့်မယ်။ :P ဟီးဟီး

99 said...

ကဲ .. ငါ့ညီဝေဒနာတွေ ဒီနှစ်သင်္ကြန်မှာ ပျောက်ကင်းပါစေ ..။ ရှူးဂါးကင်းကြီးရေ .. ကူညီလိုက်ပါဗျာ ..။

ရိုးမြင့်အောင် said...

ကိုယ်ပိုင် ခံစားချက်တွေထင်တယ်... ရေးတာ တော်တော် သွက်တယ်ဗျ.. “အပျံသင်ကစ ငှက်တစ်ကောင်ရဲ့ ဝေဒနာတွေကို ကွယ်ရာမှာ ဟာသလုပ်ပြီး ပျက်လုံးမထုတ်လိုက်ပါနဲ့“မ”ရယ်..” ဆိုတာလေး ကြိုက်တယ်ဗျာ.. ဝေဒနာတွေ မြန်မြန် ကုစားပေးပါစေဗျာ..

emayarKhin said...

ကြာပါတယ်.........
တည့်ပဲပြောလိုက်လေ.......
yes or no လို့..............
yes ဆိုရင်တော့....ဟဲဟဲ..:P
no ဆိုရင်တော့..နောက်တယောက်ပေါ့...
ဘာခက်တာလိုက်လို့................

YeAungThu said...

မယုံဘူး ။။ ဂျွန်း ထိုးပြ ..
ပာက်ပာက်.... :)

 

blogger templates | Make Money Online