
သူ့နောက်ကိုတစ်ကောက်ကောက်လိုက်ရင်းနစ်မြုပ်သွားကြတဲ့ဘ၀တွေကို သူကတော့ သိမှာမဟုတ်ဘူး။သူသိတာက သူ့အင်အား နည်းနည်းများလာပြီဆိုတာနဲ့ အားလုံးကိုမထင်မဲ့မြင်လုပ်ဖို့ပဲ။သူမရှိလို့ထမင်းငတ်နေတဲ့ကလေးငယ်တစ်ယောက်ကို သူမသိနိုင်သလို သူ့အင်အားနဲ့ ဟော်တယ်ကြီးတစ်ခု ရဲ့အတွင်းခန်းမှာ စားစရာအပြည့်နဲ့ဇိမ်ကျနေတဲ့လူတစ်ယောက်ကိုလည်းသူမသိနိုင်ပါဘူး။ ဒါပေမယ့် ထမင်းငတ်နေတဲ့ကလေးငယ်တစ်ယောက်ဆီကို သူလာဖို့ခက်ပေမယ့် ဟော်တယ်ကြီးထဲက လူဆီမှာတော့ သူအမြဲရှိတယ်။ ဒါတွေဟာ ဘာကြောင့်လဲ?
သူသာ ကျွန်တော့်ဆီမှာ တန်ဖိုးများများ ရှိခဲ့ရင် ခုလိုကြင်နာသူနဲ့လည်း ခွဲရမှာ မဟုတ်ဘူး။ ကျွန်တော်သာ သူ့ကို တော်တော်များများ ပိုင်ဆိုင်သင့်သလောက် ပိုင်ဆိုင်ခဲ့ရင် ..........
ကျွန်တော်မရောက်ဖူးတဲ့ နေရာ ဒေသတွေကို အလည်အပတ်သွားမယ်။အဲ့ဒီအချိန်မှာ ကြင်နာသူကလည်းဘေးမှာ ကျွန်တော်နဲ့အတူ ရှိနေမှာပေါ့။နောက်ပြီး အလှူအတန်း ခဏခဏလုပ်မယ်။ လောကရဲ့လိုအပ်ချက်တွေကို သူနဲ့ဖြည့်ဆည်းလို့ရတာမှန်သမျှ ကျွန်တော် ဖြည့်ဆည်းမယ်။သူကသာ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာပဲဖြစ်ရမယ်။ ကျွန်တော်ကတော့ သူ့ကိုအောက်ကျို့ခံမှာ မဟုတ်ဘူး။
သူ့ကြောင့် လူတွေတရားပျက်ကြသလို သူ့ကြောင့်လူတွေ ဘာဝနာ ပွားနိုင်ကြတယ်။သူ့ကြောင့်လူတွေ အချင်းချင်းသစ္စာမဲ့ကြသလို သူ့ကြောင့်လူတွေ အဆွေခင်ပွန်းဖွဲ့ကြတယ်။ သူ့ကြောင့်လူတွေ အပြစ်ဒဏ်ခံကြရသလို သူ့ကြောင့်လူတွေ လွတ်ငြိမ်းချမ်းသာခွင့်ရကြတယ်။သူ့ကြောင့် လူတွေဆုံးရှုံးရသလို သူ့ကြောင့်လူတွေ လောကကြီးမှာ အသက်ရှင်ခွင့်ရကြတယ်။ သူ့ကြောင့် နာကျင်ကြေကွဲရသလို သူ့ကြောင့်ပျော်ရွှင်ကြည်နူးရတယ်။သူဟာ အဆိုးအကောင်း ဒွန်တွဲနေတဲ့ လောကရဲ့ အရှင်သခင် တစ်ပါးပါပဲ။သေချာတာတစ်ခုကတော့ သူ့ကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကျဉ်လို့မရပါဘူး။ဒါကလည်းလောကကြီးရဲ့အမှန်တရား တစ်ခုပါပဲ။
သူမရှိရင်မဖြစ်တဲ့ ဟောဒီကမ္ဘာလောကကြီးမှာ လောကသားအားလုံးက သူ့ကို ဒုတိယ ဘုရားသခင် တဲ့။ မရှိရင်မဖြစ်ဘူးဆိုပေမယ့် ကျွန်တော်ကတော့သူ့ကို ဘယ်အခါမှ ကိုးကွယ်မှာ မဟုတ်ဘူး။အရာအားလုံးကို သူဖန်ဆင်းနိုင်ပေမယ့် လူသားတစ်ဦးရဲ့ရင်ဘတ်ထဲကခံစားချက်ဝေဒနာစစ်စစ်နဲ့ လောကဓံသုံးပါးရဲ့လှည့်စားချက်နဲ့ကြည်စယ်မှု တွေကိုတော့သူဘာမှ
မလုပ်ပေးနိုင်ပါဘူး။
ဘာပဲဖြစ်ဖြစ်..... လောလောဆယ်တော့ ကျွန်တော်သူ့နောက်ကို လိုက်ရအုန်းမယ်ဗျာ။ သူဌေးကြီးမဟုတ်တောင် လူတန်းစေ့ နေနိုင်ဖို့ပေါ့.......။ကျွန်တော်သူ့နောက်ကိုအရင်ကလည်းလိုက်ခဲ့ဖူးပါတယ်။အခုလည်းလိုက်နေတုန်းပါပဲ။ နောင်လည်း လိုက်နေရအုန်း မှာပါပဲ.........။
5 Comments:
အေးကွာ... မရှိမကောင်း ရှိမကောင်းတဲ့အထဲမှာ မိန်းမနဲ့ ဒေါ်လာ (အဲမှားလို့) ပိုက်ဆံပေါ့ကွာ... မင်းကတော့ တစ်ခုရှိနေပြီ... နောက်တစ်ခုအတွက်ဘယ်ထိ လိုက်နေဦးမလဲ... ငါတို့တော့ နှစ်ခုစလုံးအတွက်လိုက်နေရတုန်း..
သူဟာ သဝေထိုး င ရေ့ ၀ဆွဲငွေ ရေးရေး ရေးရေး ဟားဟား ခင်ဘုဏ်း သီချင်းလာဆိုပြတာ ဘာမှမဟုတ်ဘူးးးး) ရေးထားတာကောင်းတယ် အစ်ကို သူ့ကြောင့် ဘ၀ပျက်ခဲ့ရတဲ့သူတွေ သူ့ ကြောင့် အသက်ဆုံးခဲ့ရတဲ့သူတွေပေါ့ သူကမရှိလို့ လဲမဖြစ်ဘူးလေ သူကပဲ ပျော်ရွှင်မှုတွေ လိုအပ်မှုတွေကို ဖြည့်စည်းပေးနိုင်တာ မဟုတ်ဘူးလားး
ကိုယ်လဲ € သူ့နောက်လိုက်နေလို့ ကြင်နာသူ ဇနီးနဲ့သမီးလေး ကိုခွဲနေရတာပဲလေ ညီကအခုမှ စမှာ ကိုယ်ကတော့ ကြာခဲ့ပြီ လူတန်းကို မစေ့နိုင်သေးလို့ ခုထိအထီးကျန် တကိုယ်ထဲ!!!!!
သတိလေးနဲ့တော့ လိုက်ပါ အစ်ကိုရာ...။ Not Money Make Everything.... Just Money Make Most Of The Thing... :)
THAT'$ $URE!
$AVE $AVE $AVE...!
Post a Comment