June 28, 2008

“မပြောင်းလဲဘူး”

တစ်ကြိမ်တစ်ခါက
အကြိမ်တစ်ရာမက
ပြောခဲ့ဖူးတဲ့ စကားလုံးတွေ
သတိတရ နဲ့ တမ်း တစ်တတ ပါပဲ။

အားလုံးကိုကျောခိုင်း
ထင်ရာစိုင်းပြီး
လောက ဇာတ်ခုံပေါ်
လင်းတစ်လှည့် မှိန်တစ်လှည့်
ဘ၀ကို ရင်ဆိုင်ရင်း
အတိတ်ကို လွမ်းတယ်။

ခန္ဓာကိုယ်ပျက်သုဉ်း
ကမ္ဘာမြေ ပျောက်ဆုံးတောင်
အနားမှာ ရှိချင်ခဲ့သူ။

ဝေးတစ်မြေခြားလို့
သူစိမ်းတွေ ဖြစ်နေရော့သလား
မမေ့ဘူးဒီရင်မှာ.
မနေ့ က ငါပါပဲ..........။


မှတ်ချက်။ ။ အားလုံးကို သတိရလျှက် ...................။

7 Comments:

BLACK DREAM said...

ကျွန်တော်လည်း သတိရပါတယ်ဗျာ...။ အစ်ကို ဘလော့လောကလေးထဲကို ပြန်လာတဲ့အချိန် ကျွန်တော်ရှိနေအုံးမယ် ဆိုရင်တာ့ ပြန်ဆုံကြသေးတာပေါ့ဗျာ... :)

လွမ်းလုင် said...

ကဗျာလေး လန်းတယ်ဗျ... သတိရနေပါတယ်ဗျာ... တစ်နေ့ပြန်လာမယ် မဟုတ်လား...

လင်းထက် said...

ကိုယ်လဲ အမြဲ သတိယနေပါတယ်ညီရာ
ညီလဲ မိုးလင်းရင် မျက်နှာမသစ်သေးဘဲ ကွန်ပြူတာရှေ့ထိုင်ပြီး လိုင်းပေါ်တက်လာတတ် တဲ့ အကို တစ်ယောက်ကို သတိယနေမယ် ထင်ပါတယ်..။

မောင်မျိုး said...

ဘာတွေဖြစ်နေလဲ သိနေတယ်
ဘာတွေ ခံစားနေရလဲ သိနေတယ်
ထပ်တူုထပ်မျှပါပဲလို့ ပြောရင် ပိုတယ်လို့  ဆိုလေမလားး ။

ကြယ်စင်နတ်သမီး said...

မောင်လေးရေ အစ်မလဲ သတိရတယ်ဟယ်...
ပြန်လာမဲ့ရက်ကို မျှော်နေတယ်...

မေမိုးမခ said...

သတိရနေပါတယ်ဗျာ... တစ်နေ့ပြန်လာမယ် မဟုတ်လား...
သူစိမ်းတွေ ဖြစ်မနေပါ

လင်းဦး(စိတ်ပညာ) said...

ဝေးတစ်မြေခြားလို့
သူစိမ်းတွေ ဖြစ်နေရော့သလား
မမေ့ဘူးဒီရင်မှာ.
မနေ့ က ငါပါပဲ..........။

အလွန်ကောင်းမွန်သော ကဗျာကောင်းတစ်ပုဒ်ပါ

 

blogger templates | Make Money Online