April 16, 2008

ရင်တွင်းနွေ

သစ်ရွက်တစ်ချို့
မြေအနှံ့ ပြန့်ကျဲနေတယ်
လေ အဝှေ့မှာ ကြွေလွင့်ကြတာလေ...
စိတ်ဓါတ်တွေလည်း နွေနေပူမှာ ရေငတ် လို့...
ရင်ခွင်မှာ လမသာတာတောင် ကြာပေါ့..
အပြုံးတွေတောင်မှ
တစ်ဝက်တစ်ပျက်နဲ့တင်
နှုတ်ခမ်းပေါ်ကနေ ခြေလျှော်ကျတယ်...
ဟဲလို မိတ်ဆွေ
အပန်းမကြီးဘူးဆိုရင်
ရေခဲစိမ် စကာလုံးတစ်ချို့
ကျုပ်ရင်ဘတ်ထဲ ထည့်ပေးပါလား
ဒီနွေက သိပ်ပူတယ်ဗျာ....။

7 Comments:

ein said...

ကဲကဲရော့အင့် ဒီနွေက သိပ်ပူတယ်ဆိုလို့ အေးမြသွားအောင်ပေါ့ ဟိ စကားလုံးတချို့ကိုတော့ ရေခဲမစိမ် ချင်ပါဘူးဗျာ...း)

မေမိုးမခ said...

ရွှေရင်အေးတော့ရှိတယ် ရေခဲစိမ်းတော့ မရှိဘူး။ ရွှေရင်အေးစကားလုံးတွေယူမလား။
လေးစားလျှက်။ ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ။

အမရာ said...

အော်ရေခဲစိမ်လေးမှ
လိုချင်တယ်လား.............ကြန်ဖန်
ပေးပါမယ့်....ဒါပေမယ့်ဘာမှမစိမ်တာက
ပိုမဂွတ်ဘူးလား...............

မြန်မာပြည်ကိုလွမ်းတယ် said...

သယ်ရင်းရေ ရေခဲတုံးတွေသာမျိုချလိုက်
ပြီးရင်ပြောသမျှစကားလုံးတွေက ရေခဲစိမ်
ပြီးသားပဲ..ဟီးဟီး။

မောင်မျိုး said...

အားလူးလာမပေးနဲ့  လေတွေ နည်းနည်းလျှော့
ရော့.............ဒီမှာရေနွေးရေ ဟုတ်ဘူးးေ၇ခဲစိမ်ပြောတာ ဟန်းနီးမွန်းက ပြန်လာရင် မုန့် ဝယ်ခဲ့နော့် :P

ပေါက်ကရ said...

ရင်ထဲကို အေးမြသွားမယ် .. ရေခဲရေ...
သောက်အုန်းမလား အကို.
ရေခဲရေ.... =P

BLANK PAPER said...

လန်ထွက်နေတယ်ဗျာ...

 

blogger templates | Make Money Online