April 25, 2008

ဧပရယ် ၁၈


အဲဒီနေ့က ကျွန်တော့်ရဲ့ လွပ်လပ်ခြင်းတွေကို သူမဆီ ကြည်ဖြူစွာနဲ့ အပ်နှင်းလိုက်ရတယ်။ လေဟုန်စီးပြီးလွပ်လပ်စွာ ပျံသန်းပျော်မြူးတတ်တဲ့ ငှက်တစ်ကောင်ဟာ လှောင်အိမ်ထဲကို သူကိုယ်တိုင်တိုးဝင်ခဲ့တယ်။ မှုန်ပျပျ အလင်းရောင်အောက်မှာ စမ်းတ၀ါးဝါးနဲ့ ခရီးတစ်ခု ကို တိမ်တိုက်နဲ့အတူ ရွက်လွင့်ခဲ့တယ်။ ကိုယ့်ရင်ခုန်သံတောင်ကိုယ်ပြန်ကြားလို့...။သူမအပြုံး သူမ မျက်လုံးတွေရဲ့ စူးရှမှု ကြောင့် လတစ်ခြမ်းတောင် ညချမ်းမှာ တိမ်တိုက်ကြား တိုးဝင် ပျောက်ကွယ်သွားတယ်။

ရွန်းလဲ့တဲ့မျက်ဝန်းတစ်စုံက အနာဂတ်ရဲ့ လမ်းပြကြယ်တစ်ပွင့်လား?
သူဖန်ဆင်းတဲ့ အပြုံးတစ်ပွင့်ကတော့ ကျွန်တော့်အိပ်မက်တွေကို နွေခေါင်ခေါင်မှာ
ရွက်သစ်တွေဝေလို့.......။
မှော်ပဉ္စလက်နဲ့ ဖမ်စားသလို သူမရှေ့မှောက် မှာ ဒူးထောက်ကျဆုံးသွားတယ်။

ကျွန်တော့် စိတ်ကူး၊အိပ်မက်၊အနာဂတ်တွေ ကိုအဲဒီနေ့မှာပဲ သူမ အကုန်သိမ်းပိုက်သွားတယ်။ ( သူမ သိမ်းပိုက်သွားတယ်ဆိုတာထက် ကျွန်တော်ကိုယ်တိုင် ပေးအပ်လိုက်ရတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်) ကျွန်တော် ပိုင်ဆိုင်သမျှ အရာအားလုံး သူမရဲ့ အပြုံးတစ်ပွင့်အောက် မှာတင် နူးညံ့စွာ ကျရှုံး ခဲ့ကြတယ်။ ဖမ်းဆုတ်မရတဲ့ ကျွန်တော့် မျှော်လင့်ချက်တစ်ချို့တောင် သူမ ဆုတ်ကိုင်နိုင်စွမ်း ရှိတယ်။ ကျွန်တော် တည်ဆောက်ထားတဲ့နန်းတော်မှာ သူမ ကတော့ အရှင်သခင်ပါပဲ။ ကျွန်တော် တယုတယ နဲ့ ပျိုးခဲ့ရတဲ့ ဥယျာဉ်ကြီးက ဒီနေ့မှာတော့ ရှိသမျှပန်းတွေ အကုန်ပွင့်လို့ မွှေးရနံ့တွေလည်းထုံမွှန်နေပါတော့တယ်.......။

မနက်လင်းလို့ ကြေးမုံပေါ်ကိုကြည့်လိုက်တော့ ကျွန်တော့်ပုံရိပ်ကိုမမြင်ရပဲ သူမပုံရိပ်သာ ကျွန်တော်မြင်လိုက်ရတယ်။ တဒင်္ဂလေးပေါ့.... ကျွန်တော်ဟာ သူမဖြစ်သလို သူမဟာလည်း ကျွန်တော်ဖြစ်ခဲ့ပြီ။
ခုချိန်ကစလို့ သူမအတွက်ဆို အရာရာကိုဖန်ဆင်း စစ်တလင်းတောင် ချစ်ခြင်းနဲ့ပြည့်အောင် ကျွန်တော်ဖန်ဆင်းနိုင်ရမယ်။

လာချစ်သူ ........
ဟိုရှေ့မှာ အနာဂတ် ဆိုတဲ့ခရီး ကိုရွက်လွှင့်ဖို့ သစ္စာတရားနဲ့ တည်ဆောက်ထားတဲ့ လှေငယ်တစ်စင်းရှိတယ်။
နားလည်မှု ဆိုတဲ့ တက်နဲ့ လှော်ခတ်လို့ ခရီးဆုံးထိ ရောက်အောင် တို့နှစ်ယောက် ရွက်လွှင့်ကြမယ် ။
လောကဓံ ဆိုတဲ့ ရေလှိုင်းတွေကြားမှာ ...........။
p-s: ကျွန်တော့်ရဲ့ မင်္ဂလာပွဲအမှတ်တရ ပို့စ်လေးပါ။အခုမှတင်ဖြစ်တာကို တော့အားလုံးခွင့်လွှတ်ပေးကြပါ။

11 Comments:

ကြယ်စင်နတ်သမီး said...

အခုလို ပထမဆုံးကွန့်မန့်အဖြစ် ရေးရတာ ၀မ်းသာပါတယ်ရှင်... ညီမလေးက အရမ်းချစ်စရာကောင်းတယ်... အဲဒီလို ချစ်စရာကောင်းတဲ့ ကောင်မလေးကို ရတာ မောင်လေးလဲ ကံကောင်းတာပဲ... မောင်လေးနဲ့ ညီမလေးတို့ ခလုတ်မထိ ဆူးမငြိပဲ သာယာဖြောင့်ဖြူးတဲ့ ဘ၀လမ်းခရီးကို လျှောက်လှမ်းနိုင်ပါစေလို့ မမဆုတောင်းပေးလိုက်ပါတယ်နော်...

Unknown said...

ပျောက်နေတဲ့ မင်းသားကြီး
မင်းသမီးနဲ့ အတူထွက်လာပြီပေါ့။

Unknown said...

အိုအောင်မင်းအောင်ပေါင်းကြရပါစေဗျား။

Han Thit Nyeim said...

နွေမှာ မုန်တိုင်းထန်သွားပြီပေါ့လေ။

မေမိုးမခ said...

အကိုတို့ရဲ ဧပရယ် ၁၈ မှစပြီ နောင်နှစ်ပေါင်း ၁၀၀ တိုင်အောင် အမနဲ့ အတူ ဘ၀တက်လမ်းတွေလျှေက်လှမ်ူနိုင်ကြပါစေ။

Unknown said...

မင်းသားကြီးမိုက်ကန်း ထွက်လာပါပြီဗျို့... မင်းသမီးနဲ့..
ယနေ့မှစ၍ နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ချမ်းမြေ့စွာ
လျှောက်လှမ်းနိုင်ပါစေဗျာ... :)

Anonymous said...

စကားလုံးတွေက နုအက်နေတာပဲ ရုပ်ကြီးနဲ့  မလိုက်ဘူးဝေးးး ဟီးးး ဘေးနားက အစ်မတော်တော်ချောတယ် သူ့ ဘေးနားက ပဲများများနဲ့  အဖိုးင်္ကြီးက ဘယ်သူတဲ့လဲး)

လင်းထက် said...

ဂျပန် ရာကူဇာ၊ ဟောင်ကောင် ထွိုင်ရက် ဂိုဏ်းခေါင်းဆောင် ပုံပေါက်နေသော ကိုမိုက်ကန်း၏ မင်္ဂလာဦး ရက်မြတ် မှသည် သက်ဆုံးတိုင်ထိ ဒီလင်ဒီမယား ပျော်ရွှင်ချမ်းမြေ့ စွာ အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပါစေ

Unknown said...

ကဲ..အရှေ့မှာသူများတွေလည်း ဆုတောင်းပေးသွားကြ တာဆုံသလောက်ရှိနေပြီ ...ငါဟဲ အနက်ရောက်အိပ်မက် နောက်ဆုံးဘိတ် အိတ်နဲ့လွယ် မယ်...လာလရော့...။
~~~~~~~~~~~~~~~~~~
အမှတ်တမဲ့ကြည့်လိုက်တာ ကျီးကန်းကြီး ဘဲဥချီလာတယ် ထင်လို့...။ သေသေချာချာထပ်ကြည့် တော့ ပို့စ်ကလည်း Back Date ကြီးနဲ့တင်ထားတယ်။ ကြည့်ရတာ အိမ်သူ သက်ထားက အသင်မိုက်ကန်းအား အွန်လိုင်းတွင် ဇာတ်လမ်းများ နောက်နောင်ရှုပ်မလာစေ ရန် ကြိုတင်ကာကွယ်ခိုင်းထားရန် အတွက် By Force ဖြင့် တင်ခိုင်းထားခြင်းလည်း ဖြစ်နိုင်ပါတယ်..။ :P
စတာလို့ပြောတော့ဝူးနော်... :P
~~~~~~~~~~~~~~~~~~~~
ဝမ်းသာတယ်ဗျာ အခုလို ဘ၀တစ်ခုကို ကိုယ်ကချစ်တဲ့ ကိုယ့်ကိုချစ်တဲ့ ချစ်သူနဲ့ တစ်ထပ်တည်းကျပြီး တည်ဆောက်နိုင်ခဲ့တဲ့ အတွက် ဂုဏ်လည်းယူပါတယ်..။ ယုံကြည်မှု၊ နားလည်မှု၊ သစ္စာတရား၊ မေတ္တာ တရားတွေနဲ့ အပြန်အလှန်ရက်လုပ်ထားတဲ့ ပျော်ရွှင်ဖွယ်ရာ ဘ၀လေးကို ထာဝရပိုင်ဆိုင်နိုင်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အဖိုးတန် အမျိုးကောင်း သားသမီးရတများ အမြန်ဆုံးထွန်းကား ပိုင်ဆိုင်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်....။ ကျွန်တော့်လိုပဲ ဒီမှာ Comment လာမရေးကြပေမယ့် တစ်ခြားသော Blogger မောင်နှစ်မတွေကလည်း အားလုံး ဆုတောင်း ၀မ်းသာနေကြမယ်လို့ ကျွန်တော်ပြောချင်ပါတယ်...။ :)

Okisu said...

ပျော်ရွှင်ပါစေဗျာ။ မကိုဂရုစိုက်နော် .....

ရွှေပြည်သူ (ShwePyiThu) said...

သတို့သမီးလေးက မိန်းကလေးချင်းတောင် ငေးယူရတယ်။ မောင်လေး နွေမုန်တိုင်းနဲ့ ညီမလေးတို့ ပျော်ရွှင်ချမ်းမြေ့စွာ ဘ၀ကို အတူတကွ ဖြတ်သန်းနိုင်ကြပါစေး)

 

blogger templates | Make Money Online