May 13, 2008

နာဂစ်


ဟက်တက်ကွဲခဲ့ကြတဲ့ ရင်ခွင်တွေကို မသိချင်ယောင်ဆောင်ပြီး မဆိုင်သလို နေလို့ ရရင်သိပ်ကောင်းမှာပဲ။ မြင်ရတဲ့ မြင်ကွင်းတွေက ရင်ထဲမှာ မကောင်းလွန်းလို့ မျက်ရည်တွေတောင် ရင်ဘတ်ထဲကနေ ဆို့တက်လာတယ်။ကြားရတဲ့သတင်းတွေနဲ့ မြင်ရတဲ့ မြင်ကွင်းတွေကတော့ စုတ်တစ်သက်သက်နဲ့ ခန္ဓာကိုယ်တောင် ပြိုပျက်လောက်ပါပေတယ်။ နာကျင်စရာတွေများလွန်းလှတဲ့ ကြေကွဲစရာ ဖြစ်ရပ်ဆိုးကြီးကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ အိပ်မက်တောင် မက်ခဲ့ဖူးမှာ မဟုတ်ပါဘူး။ ဒီဖြစ်ရပ်ဆိုးကြီးထဲမှာ ဖိုးဖိုး ဖွားဖွား၊အဖေအမေ၊အစ်ကို၊မောင်၊ညီ၊ညီမ၊သား၊သမီး၊ဦးဦး၊ဒေါ်ဒေါ် တွေပါသွားကြတယ်။ အိုးအိမ်တွေ မဲ့ကြရတယ်။အနာဂတ် အိပ်မက် တွေ လေနဲ့အတူ လွင့်ပါးကြရတယ်။ မျှော်လင့်ချက်နဲ့ တည်ဆောက်ခဲ့တဲ့ ဘ၀ပေါင်းများစွာ သူ့အတွက် စတေး ခဲ့ရတယ်။ သိပ်ချစ်ရတဲ့ ချစ်သူ နှစ်ဦး သေကွဲကွဲရတယ်။ အင်မတန်မှနူးညံ့ပျော့ပျောင်းလှတဲ့ အရာတစ်ခုက အင်အားကြီးမားလွန်းတဲ့အရာတစ်ခု အဖြစ်ပျောင်းလဲ ပြီး လူ့အသက်ပေါင်းများစွာကို ၀ါး မြိုပစ်ခဲ့တယ်။ `ရက်စက်တယ်´ ဆိုတဲ့ စကားလုံးထက် နာကျင်စရာကောင်းလွန်းတဲ့ စကားလုံးရှိရင် ထပ်ပြီးပြောချင်ပါသေးတယ်။

ရက်စက်တယ်... ရက်စက်တယ်...ရက်စက်တယ်...။

ကြေကွဲစရာတွေအားလုံး အဆုံးသတ်ချင်ပြီ။ လောကဓံရဲ့ ထိုးနှက်ချက်တွေက သိပ်ကိုမျက်နှာလိုက်လွန်းပါတယ်။ ဆန်ဖိုးမရှိတဲ့ ဘ၀တွေ ကို ဆန်အိုးရိုက်ခွဲ ခံလိုက်ရသလိုပါပဲ။ဘယ်အငြှိုးတွေကြောင့်ခုလို ရက်ရက်စက်စက် လုပ်ရက်တာလဲ? ကောင်းကင်တစ်ခုလုံးလည်း မည်းမှောင်လို့။ တော်ပါတော့ လောကဓံရယ်... နောက်တစ်ခါဆိုတာမျိုးလည်းထပ်ရင်မဆိုင်ပါရစေနဲ့တော့။ ကျေးဇူးပြု၍ အရာအားလုံး (ဖြစ်နိုင်မယ်ဆိုရင်) နဂိုအတိုင်းငါ့ကိုပြန်ပေးပါ။


1 Comment:

Anonymous said...

ဘယ်တော့မှမမေ့နိုင်တော့မယ့် အဖြစ်ပါပဲ ဒီပုံရိပ်တွေကို မြင်မိရင် တကယ်စိတ်မကောင်းဘူးဗျာ စိတ်မကောင်းဘူးဆိုတဲ့ စကားထပ် ပိုပြောချင်တယ် ....................။
အရာရာ........အားလုံးနဂိုအတိုင်း ပြန်ဖြစ်ဖို့ ဆိုတာကတော့................................၀ိုးတ၀ါးပေါ့း)

 

blogger templates | Make Money Online