
March 29, 2008
ခရေပင်လမ်းလေး

POSTED BY နွေမုန်တိုင်း 12 COMMENTS
Labels: Essay
March 28, 2008
ပုန်းရှောင်သူ
မနေ့ကငါ......
သီချင်းတွေ ဆိုညည်း
မနေ့ကငါ......
နင့်အတွက်ဆိုပြီး
ငွေခြေကျင်းလေး ၀ယ်
ငါကိုယ်တိုင် ၀တ်ဆင်ပေးခဲ့တယ်။
မနေ့ကငါ......
မပြေလည်တာတွေ တစ်ခဏ
တောင်းတဲ့ဆုတွေ မပြည့်နိုင်ပဲ
POSTED BY နွေမုန်တိုင်း 9 COMMENTS
Labels: poem
March 26, 2008
နှလုံးသားမြို့တော် (၂)
POSTED BY နွေမုန်တိုင်း 4 COMMENTS
Labels: Essay
March 25, 2008
နှုတ်မဆက်ပဲ ထွက်သွားသူ
အတူထိုင်ဖူးတဲ့ ကော်ဖီဆိုင်လေးရဲ့ အတူထိုင်ဖူးတဲ့ ထိုင်ခုံလေးမှာ ငါအခု ထိုင်နေတယ်ချစ်သူ။
မပြောင်းလဲ့တဲ့ဒီဆိုင်လေးက မပြောင်းလဲသေးတဲ့ တေးသီချင်းလေးတွေကို ခုထိဖွင့်ထားတုန်းပါပဲ။
ပြောင်းလဲသွားတာက နင် တစ်ယောက်မရှိတော့ပါပဲ။
ဆိုင်စားပွဲထိုးလေးက လောကွတ်စကားဆိုပါတယ် အစ်မ မပါဘူးလား အစ်ကို တဲ့။
တစ်ဖက်လူက လောကွတ်စကား လို့ဆိုပေမယ့် ငါ့အတွက်တော့ ခံစားမှု ဒီဂရီတွေက
ရင်ဘတ်ထဲကနေ စောင့်တက်လာတယ်ချစ်သူ။
ကျေးဇူးပြု၍ တစ်ယောက်တည်းနေခွင့်ပြုပါ ။ မှာထားတဲ့ကော်ဖီကို
သောက်မယ်လုပ်တော့ ကော်ဖီခွက်ထဲမှာ မင်းမျက်နှာ ပေါ်လာပြန်တယ်။
တော်ပြီကွာ ဒီတိုင်းပဲထားလိုက်တော့မယ်။
ဒါနဲ့ပဲ ပိုက်ဆံရှင်းပြီး ဆိုင်ထဲကနေထွက်လာလိုက်တယ် ။ စားပွဲထိုးကောင်လေးက နောက်ကလိုက်လာပြီး
အစ်ကို ကော်ဖီက တစ်ခွက်ဖိုးပဲလေ ဆိုပြီး ပိုနေတဲ့ငွေကို ပြန်အမ်းတယ်။
ဘာကြောင့်ငါ ကော်ဖီနှစ်ခွက်ဖိုးပေးမိတာပါလိမ့်?
ဒီလိုနဲ့လျှောက်လာရင်း ဘယ်သွားရင်ကောင်းမလဲဆိုပြီး စဉ်းစားတယ်။
စိတ်သက်သာရာ ရမယ်ထင်တဲ့နေရာသွားရင်ကောင်းမယ်
လို့စဉ်းစားပြီး ဘုရားပေါ်တက်လာလိုက်တယ်။ ပန်းရောင်းတဲ့ကောင်မလေးက
အစ်ကို ပန်းမ၀ယ်တော့ဘူးလား တဲ့ ။
ဒီနေ့အစ်မ မပါဘူးနော် တဲ့။ ဟူး သေသာသေလိုက်ချင်တော့တယ်။
ဒါနဲ့ပဲ သူ့ကိုပြုံးပြပြီး ပန်းတစ်စည်းဝယ်လိုက်တယ်။
စနေထောင့်သွားပြီး မပြည့်နိုင်တော့တဲ့ ဆုကိုတောင်းလိုက်မိတယ် ။ ချစ်သောသူနဲ့ ရာသက်ပန် ရိုးမြေကျ ပေါင်းရပါစေ လို့ ။ ခါတိုင်းဆိုရင်တော့ ဘုရားရင်ပြင်ပေါ်မှာ နှစ်ယောက်တူတူ ဆုတွေတောင်းလိုက်ကြတာ နာရီဝက်လောက်ကြာပါတယ်။ ခုတော့ လိုချင်တောင့်တ တဲ့ဆုတစ်ခုကို တောင်းလိုက်ပြီး ဘုရားရင်ပြင်ပေါ်ကနေဆင်းလာလိုက်တယ်။
ခုချိန်ထိနင်ကတော့ငါ့အနားမှာ ရှိနေတုန်းပဲ ချစ်သူ။ ကျေကွဲစရာတွေ နဲ့ပြည့်နှက်နေတဲ့ငါ
ပျော်ရွှင်ကြည်နူးစရာတွေကိုဘယ်မှာ လိုက်ရှာရမလဲ ချစ်သူ ?
အခုငါဘယ်သွားရမလဲ? မထူးတော့ပါဘူး အိမ်ပဲပြန်တော့မယ်။
အရာအားလုံးမေ့ပြီးခဏလောက်အိပ်ပစ်လိုက်တယ်။ မင်းက အိပ်မက်ထဲထိရောက်လာပြန်တယ်။
မင်းကိုသတိရတိုင်းသာ ပန်းတစ်ပွင့် ပွင့်မယ်ဆိုရင် ဒီကမ္ဘာကြီးပန်းတွေနဲ့ ပြည့်နှက်နေလောက်ပြီချစ်သူ။
သတိရတိုင်းမျက်ရည်ကျရလို့ ငါ့မှာ မျက်ရည်တွေလည်းခမ်းခြောက်ကုန်ပြီ။
ရူးတယ်လို့ ဆိုချင်ဆိုတော့ ငါနင့်ကိုတစ်ရက်မှ မမေ့ဘူးချစ်သူ။ အမှတ်တရပေါင်းများစွာ အုတ်မြစ်ချပြီးမှ
ဘာကြောင့်ငါ့အနားက ထွက်သွားရတာလဲ? ရက်စက်တဲ့လောကဓံတရားကြီးက ဘာဖြစ်လို့မင်းတစ်ယောက်ကိုမှ ရွေးပြီး
ခေါ်သွားရတာလဲ? ဖြစ်ချင်တာတွေဖြစ်မလာတာကိုက ငါတို့နှစ်ယောက်ရဲ့အတိတ်ကံလား? ကမ္ဘာတစ်ဖက်မှာ နင်ရှိသလို ကမ္ဘာတစ်ဖက်မှာ ငါရှိတယ်။ စိတ်မပျက်နဲ့ ချစ်သူ တစ်နေ့နေ့ ငါတို့နှစ်ယောက် ဆုံနိုင်မှာပါ။ ရောက်နေတဲ့နေရာလေးမှာ နင်ပျော်အောင်နေပါ ။ ငါ့အတွက်လည်းနင် စိတ်မပူနဲ့ ။ တို့နှစ်ယောက်ခဏလေး ဝေးတာလို့ သဘောထားလိုက်ပါ ။
ပြန်ဆုံကြမယ့်တစ်နေ့ရောက်ရင်သာ နင်ငါ့ကို အရင်လိုချစ်ခွင့်လေးတော့ ပြန်ပေးပါ လို့ ငါတောင်းဆိုချင်တယ်။
ဒါပေမယ့်................. ပြန်တွေ့ကြတဲ့ တစ်နေ့ ......................နင်ငါ့ကို မှတ်မိပါအုန်းမလား???
p-s: သူမကျွန်တော့်ကို တစ်ကယ်နှုတ်မဆက်ခဲ့ပါဘူး။
POSTED BY နွေမုန်တိုင်း 4 COMMENTS
Labels: Essay
March 23, 2008
အသည်းကွဲဇာတ်လမ်းလေးတစ်ပုဒ်
အလွမ်း နဲ့အဆုံးသတ်မယ်မှန်းကြိုသိခဲ့ရင် ကျွန်တော့်ရင်ခွင်တစ်ခုလုံးကို ဘာလို့ ပုံအပ်ခဲ့မှာလဲ။ခုတော့...........
ဥသြ တွေတောင် တေးဆိုကုန်ပြီ။ လေရူးတွေလည်းတိုက်ကုန်ကြပြီ။ရင်ခွင်မှာလည်းခြစ်ခြစ်တောက်အောင်ကို ပူနေပြီ။
ကျေးဇူးပြု၍ အေးမြလတ်ဆတ်သော မေတ္တာတရားတွေ နဲ့ ငါ့ကို ကုစားပါချစ်သူ..
အချိန်တွေခဏလောက်နောက်ပြန်လှည့်ကြည့်လိုက်ပါ။မင်းထားခဲ့တဲ့နောက်ပိုင်းမှာ........
မင်းအတွက်ဆိုပြီး ပေးဆပ်ခဲ့တဲ့ ငါ့နှလုံးခုန်သံတစ်ချို့ ရေခဲမြစ်ထဲမှာ မြုပ်နေတာမင်းတွေ့လိမ့်မယ်။
အလွမ်းသီချင်းတွေ ဆိုနေတဲ့ အိပ်ပျက်ညတွေကို မင်းတွေ့လိမ့်မယ်။
ကြေမွ ပြဲစုတ်နေတဲ့ ဒိုင်ယာရီတွေ မင်းတွေ့လိမ့်မယ်။ကာရံမညီတဲ့ ကဗျာအပိုင်းအစတွေမင်းတွေ့လိမ့်မယ်။
ကြေကွဲစရာတွေပြည့်နှက်နေတဲ့ ငါ့ဘ၀အစိတ်အပိုင်းတစ်ချို့ကိုပါမင်းတွေ့လိမ့်မယ်။
တစ်ချိန်သော အခါက...........
ငါတို့နှစ်ယောက် တိမ်တွေစီးပြီး ဟိုး အဆုံးမရှိတဲ့ ခရီးကိုသွားခဲ့ဖူးတယ်။
ငါတို့နှစ်ယောက် ပင်လယ်သမုဒ္ဒရာကြီးကိုလည်းဖြတ်ဖူးတယ်။ငါတို့နှစ်ယောက် တောင်တွေဖြတ်ပြီး သီချင်းတွေလည်း
ညည်းခဲ့ဖူးတယ်။နှစ်ယောက်အတူရှိစဉ်တုန်းက အရာအားလုံးကို ရင်ဆိုင် နင့်အတွက်ငါ သူရဲကောင်းတစ်ယောက်
ဖြစ်ခဲ့ဖူးတယ်။ခုချိန်မှာတော့ ဒါတွေဟာ ပုံပြင်တစ်ပုဒ်ဖြစ်သွား ပြီလား?
အရာအားလုံးမင်းအတွက် လှပခဲ့တဲ့ ဒီအတိတ်ကို မင်းဘာကြောင့်စွန့်ခွါရတာလဲ???
`အတိတ်´ဆိုတဲ့ပန်းခင်းလေးကြောင့် `အနာဂတ်´ဆိုတဲ့ဥယျာဉ်ကြီး လှပရတာပါ။
သီးပွင့်တော့မယ့်အချိန်ရောက်မှ ဘာကြောင့်ဖျက်ဆီးပစ်လိုက်ရတာလဲ ကောင်မလေးရယ်?
အပြစ်မတင်ရက်တဲ့ငါ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့လိုက်ပါတော့မယ်။ ပျော်ပါစေချစ်သူ....
အရာရာကိုကျော်ဖြတ် ရင်ဆိုင်မယ့် နင့်အတွက်ဆိုပြီး ပေးဆပ်ခဲ့တဲ့ငါ......
ခုတော့ ဒဏ်ရာတွေ ဗလပွ နဲ့ ကျန်ရစ်ဖြစ်ခဲ့တာ သိပ်တော့လည်းမထူးဆန်းပါဘူး။
ကျန်ခဲ့တဲ့ရက်စွဲတွေ ပြန်လှန်ကြည့်ရင် နေ့တိုင်း ရက်ရာဇာ တွေပါပဲချစ်သူ။မနေ့ကအချိန်ထိပေါ့။
မနေချင်ရင်လည်းသွားပါတော့.........
အရာအားလုံးပြီးဆုံးသွားပြီဆိုတော့လည်း.............
p-s:ကျွန်တော့်ဘ၀တစ်စိတ်တစ်ဒေသပါ။
POSTED BY နွေမုန်တိုင်း 6 COMMENTS
March 19, 2008
အိပ်မက်ဒဏ္ဍာရီ
အဆက်မပြတ်ခေါက်နေတဲ့တံခါးခေါက်သံကြောင့် သော့ပေါက်ကနေ အပြင်ဖက်ကို
ချောင်းကြည့်လိုက်တယ်။
အလို......အိပ်မက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျွန်တော့်ရဲ့ စိတ်ကူးနတ်သမီးလေးကို
တအံ့တသြ တွေ့လိုက်ရတယ်။ သူမ ဘာလာလုပ်တာပါလိမ့်..???
ကျွန်တော်သူမဆီကို ၀င်ခွင့်တောင်းခဲ့တုန်းက သူမ ကျွန်တော့်ကို မသိချင်ယောင်
ဆောင်ခဲ့ပါသည်။ ခုတော့ သူမ ကကျွန်တော့်ကိုဝင်ခွင့်တောင်းနေပြီ။
ကျွန်တော်ဘာလုပ်ရမလဲ? နည်းနည်းတွေဝေသွားတယ်...။
နှလုံးသားက ၀င်ခွင့်ပြုဖို့ ဖိအားပေးနေပေမယ့် ဦးနှောက်က ခပ်တည်တည်လုပ်နေတယ်လေ။
ဒါနဲ့ပဲနောက်ဆုံး ကျွန်တော် ဦးနှောက်ကို လျစ်လျူရှု့လိုက်တယ်။
နှလုံးသား အလိုကျ သူမကို ကျွန်တော်ဝင်ခွင့်ပေးလိုက်တယ်။
သူမအပြုံးတစ်ချက်ကို ကျွန်တော့်အတွက်ခြွေချပြီး ညင်သာစွာ ၀င်လာခဲ့ပါတယ်။
သူမ ရောက်တဲ့အချိန်မှာပဲ ကျွန်တော် အနာဂတ်စားပွဲ တစ်ခုကို ခင်းလိုက်တယ်။
နောက်ပြီး အဲဒီအပေါ်မှာ အကြင်နာ၊အိပ်မက်၊မျှော်လင့်ချက်၊လက်တွေ့ဘ၀၊နားလည်မှု...
စတာတွေနဲ့ သူမကို တည်ခင်းဧည့်ခံလိုက်ပါတယ်။နောက်ပြီး.....
အဲဒါတွေ စားသုံးဖို့ သူမ လက်ထဲကို အချစ် ဆိုတဲ့ဇွန်းတစ်ချောင်း ထည့်ပေးလိုက်ပါတယ်။
အဆင်သင့်ဖြစ်ပြီးဆိုတော့မှ သူမကိုစားသုံးစေပါတယ်။
ပထမဦးဆုံး သူမ အကြင်နာ ကိုစတင်မြည်းစမ်းလိုက်ပါတယ်။ ကျွန်တော်က ဘယ်လိုနေလဲ
ဆိုတော့ သူမ ကချိုပါတယ်တဲ့။ နောက်ပြီး သူမ အိပ်မက် တွေကို ခပ်သောက်လိုက်တယ်...
ပြီးတော့ အတိုင်းမသိအောင်ကြည်နူးရတယ်တဲ့။နောက်တစ်ခါ မျှော်လင့်ချက်တွေကို သူမ စားကြည့်တယ်
အဲဒါအားဆေး တစ်ခွက်လားတဲ့ ကျွန်တော့်ကို မေးတယ် ။ ကျွန်တော်ပြုံးရုံ ပြုံးပြလိုက်ပါတယ်။
နောက်ပြီးတော့ လက်တွေ့ဘ၀ ကိုသူမ နည်းနည်းမြည်းကြည့်လိုက်တယ်။ချက်ချင်းပဲ သူမ နှာခေါင်းရှုံ့ပြီး
ပြန်ထွေးထုတ်မယ်လို့ လုပ်ပါတယ် ။ ပါးစပ်ကလည်း ခါးလိုက်တာ ဆိုပြီး သူမ ဆိုပါတယ်။
ဒါနဲ့ကျွန်တော်လည်း ခါးတယ်ဆိုပေမယ့် ထွေးတော့မထုတ်လိုက်ပါနဲ့ မြိုချလိုက်နော် လို့ ဆိုတော့
သူမ ကျွန်တော့်မျက်နှာ ကြည့်ပြီး အောင့်အည်း မြိုချလိုက်ပါတယ်။ သူမ တော်တော်လည်းခါးသွားမှန်း
ကျွန်တော်သိလိုက်တယ်။ဒါပေမယ့် သူမ မြိုချလိုက်တာကိုတွေ့တော့ ကျွန်တော့်ရင်မှာ အတိုင်းမသိအောင်
ပီတိတွေ ဖြစ်ရတယ်။ ဒီလိုနဲ့နောက်ဆုံးသူမကို နားလည်မှု တစ်ခွက်တိုက်လိုက်တယ်။ အားလုံးထဲမှာ အကောင်းဆုံး
ပဲလို့ သူမ ပြောပါတယ်။ ကျွန်တော် သူ့ ကိုတစ်ခုခုပြောမလို့စဉ်းစားနေပါတယ် ။
အဲဒီချိန်မှာပဲ........................။
တီတီ...တီတီ...တီတီ...တီတီ...
ကျွန်တော့်ရဲ့ နာရီနှိုးစက်သံကြောင့် အိပ်မက် ထဲကနေ လန့်နိုးသွားတယ်ဗျာ။
ကျွန်တော် စဉ်းစားနေတာက ဒါတွေဟာ အိပ်မက် မဟုတ်ရင်သိပ်ကောင်းမှာပဲ လို့သူမ ကိုပြောမလို့ပါပဲ။
ကဲခုတော့ ...........??
POSTED BY နွေမုန်တိုင်း 5 COMMENTS
March 18, 2008
နှလုံးသားမြို့တော်
`နားလည်မှု´ နဲ့ `ကြင်နာမှု´ နှစ်ခုပေါင်းပြီးတည်ဆောက်ထားတဲ့ `နှလုံးသားမြို့တော်´ ဆိုတဲ့ မြို့လေးတစ်မြို့ ရှိသတဲ့။ အဲဒီမြို့လေးက တည်ငြိမ်အေးချမ်းတော့ လာလည်ချင်တဲ့သူတွေ အများကြီးပေါ့။ ဒါပေမယ့်အဲဒီမြို့ကို လာလည်ချင်တိုင်း လာလို့မရဘူးတဲ့။ အဲဒီမြို့ရဲ့စည်းကမ်းချက်တွေကိုလိုက်နာနိုင်မှ
(၁) ကြင်နာတတ်သူဖြစ်ရမည်။
(၂) စာနာဖေးမတတ်သူဖြစ်ရမည်။
(၃) ရင်ခုန်သံတွေလတ်ဆတ်ရမည်။ တဲ့.........
စည်းကမ်းချက်တွေက အပေါ်ယံကြည့်ရင် လိုက်နာဖို့လွယ်ကူတယ်လို့ထင်ရပေမယ့် တစ်ကယ်တမ်းလိုက်နာ ဖို့အတွက်ခက်ခဲလွန်းတော့ `နှလုံးသားမြို့တော်´ ကြီးမှာဧည့်သည်မလာပဲ အထီးကျန်နေတာပေါ့။
ဒီလိုနဲ့တစ်နေ့မှာ.....`နှလုံးသားမြို့တော်´ကိုဧည့်သည်တစ်ယောက်ရောက်လာပါတယ်။
ဒီလိုနဲ့တစ်နေ့မှာတော့........
ဧည့်သည်ဆိုတာ အချိန်တန်ရင်အိမ်ပြန်မှာပဲ ဆိုတာကိုပေါ့။
အဲဒီဧည့်သည်ပြန်သွားတဲ့နောက်ပိုင်းကစပြီး `နှလုံးသားမြို့တော်´ လည်းရင်ကွဲနာကျပြီးပျက်စီးသွားသတဲ့။
p-s: လွန်ခဲ့သော ၇ နှစ်တာကာလကပေါ့.......။
POSTED BY နွေမုန်တိုင်း 3 COMMENTS
March 16, 2008
အထီးကျန်
ဒီလိုပဲ အမှတ်တမဲ့ ထွက်သွားခဲ့တယ်။
လွမ်းလို့ ကျန်ရစ်ခဲ့မှာ ကိုတော့..........
သူ မသိပါဘူး။
ကျန်နေသူရင်ခွင်ကို အပူတွေတစ်လှေကြီးနဲ့
ဒဏ်ရာတွေ အနာမကျက်အောင်
ပြုစားရက်တဲ့သူ။
အမှတ်တမဲ့ ဆိုပြီး ထားရစ်တဲ့သူက
ထားခဲ့ပေမယ့်
အမှတ်တရ ပေါင်းများစွာနဲ့ ကျန်ရစ်ခဲ့တာ
ကျွန်တော် ပါပဲ...။
ဇာတ်သိမ်းခန်းလည်းရောက်ပြီ...
နောက်ဆုံးတော့လည်း...
ကျွန်တော်တစ်ယောက်တည်းပါပဲ။
POSTED BY နွေမုန်တိုင်း 0 COMMENTS
Labels: poem
မမေ့နိုင်
ဘာကြောင့် မက်မောနေရတာလဲ...?
ပိုင်ဆိုင်ခွင့်မရှိတော့တဲ့ အနာဂတ်လေးကို
POSTED BY နွေမုန်တိုင်း 0 COMMENTS
March 13, 2008
ကမ္ဘာခြားသွားတဲ့ချစ်သူ
မြင်ယောင်တယ်.တို့နှစ်ယောက်သိပ်ချစ်ခဲ့ကြတဲ့ အရင်အတိတ်တွေကိုဘယ်သူတွေပြန်ယူပေးနိုင်မှာလဲ.
တို့နှစ်ယောက်ရဲ့အတိတ်ကိုတို့နှစ်ယောက်ပိုင်ခဲ့သလို . တို့နှစ်ယောက်ရဲ့အနာဂတ်ဟာလဲ
နားလည်မှုတွေလွဲခဲ့တဲ့ တို့နှစ်ယောက်ကြားကအဖြစ်အပျက်တွေကြောင့်
လေထဲတိုက်အိမ်ဆောက်သလိုဖြစ်ခဲ့ရပြီ...တစ်ရက်မှမမေ့ဘူးချစ်သူ..ဆုံးရှုံးခဲ့တဲ့သံယောဇဉ်တွေ
နားလည်မှုတွေ ကြင်နာမှုတွေ ကူညီဖေးမခဲ့မှုတွေ ဒါတွေကိုငါဘယ်မှာလိုက်ရှာရမလဲ.ဖြေပါချစ်သူ.
တယုတယနဲ့ပျိုးခဲ့ရတဲ့ငါ့ရဲ့နှင်းဆီအိပ်မက်တွေ ရေပေါ်အရုပ်ဆွဲသလိုဖြစ်ကုန်ပြီ. ပြန်လာခဲ့ပါလို့
မျှော်လင့်ခွင့်မရှိတော့ပေမယ့် မင်းအိမ်ပြန်လာမယ့်နေ့ ရက်တွေကိုငါကတော့ ရူးသွပ်စွာနဲ့ဒီနေ့ထိ
စောင့်မျှော်နေတုန်းပါပဲချစ်သူ.. ဟိုးအဝေးကြီးကိုတစ်ယောက်တည်းထွက်သွားတဲ့မင်းရဲ့နောက်ကိုတစ်နေ့
တော့ငါလိုက်လာမှာပါချစ်သူ ..ဖမ်းဆုတ်မရတော့တဲ့ ငါတို့နှစ်ယောက်ရဲ့ မျှော်လင့်ခြင်းတွေကို ဒီမျှနဲ့ပဲ
အဆုံးသတ်ခွင့်ပေးပါချစ်သူ..လွမ်းလွမ်းဆွေးဆွေးနဲ့ငါရင်ကွဲနေချိန်မှာမင်းကတော့ဒါတွေကို မသိနိုင်တော့ပါဘူး..ကမ္ဘာတစ်ဖက်မှာမင်းပျော်ရွှင်စေဖို့ ငါဆုတောင်းပေးပါတယ်ချစ်သူ..
တစ်နေ့တော့ငါမင်းနဲ့ ဆုံနိုင်ကောင်းပါတယ်... တစ်နေ့နေ့ပေါ့.........။
POSTED BY နွေမုန်တိုင်း 0 COMMENTS
နားလည်မှု
POSTED BY နွေမုန်တိုင်း 0 COMMENTS
Labels: Essay
ဟဲလို
POSTED BY နွေမုန်တိုင်း 3 COMMENTS
March 12, 2008
ကျွန်တော်နဲ့ကောင်မလေး (၂)
POSTED BY နွေမုန်တိုင်း 1 COMMENTS
March 11, 2008
ကျွန်တော်နဲ့ကောင်မလေး

POSTED BY နွေမုန်တိုင်း 3 COMMENTS
ငါ.......!
လေနှင်ရာ လွင့်ချင်ပေမယ့် ဘယ်ကိုရောက်မယ်ဆိုတာကိုတော့ ကြိုသိချင်တယ်.ကံကြမ္မာရဲ့ထိုးနှက်ချက်က
ဘုန်းကနဲ ဖင်ထိုင်လဲကျလောက်အောင်ပြင်းထန်လွန်းတော့ နလန်ထူဖို့ဆိုတာ မနက်ဖြန်လား ဒါမှမဟုတ်
သန်ဘက်ခါလား..... ဘ၀ကခါးတော့ အိပ်မက်တွေက မှုန်ဝါးဝါးပါပဲ ....တစ်ချိန်မှာအမြင့်ကိုရောက်ဖို့
အောက်ကနေနေပေးရတဲ့ဘ၀က ချောတိုင်တက်နေရသလိုပါပဲ..သူတစ်လှည့် ကိုယ်တစ်လှည့်လေ..... ဘဝ
ကိုလက်ပစ်ကူးကြည့်တော့ စုတ်ပြတ်သတ်နေတဲ့ လှိုင်းလုံးတွေကြားမှာ အတွေးအခေါ် တွေဖူးပွင့်လာတယ်...
တစ်ယောက်တည်းနေလို့မရတဲ့ဘ၀မှာ ဖေးမပေးမယ့်သူ ကိုပဲအဖော်လုပ်ချင်တယ် အပြန်အလှန်နားမှု ကိုငါ
လိုချင်တာ....သိုးယောင်ဆောင်ထားတဲ့မျက်နှာဖုံးတွေအောက်က အတ္တအစစ်အမှန် တွေကိုဘယ်သူ
တစ်ယောက်မှ မမြင်ပါဘူး... ကိုယ့်ကိုယ်ကိုတောင်မှ ၀ါးတားတား ..ဘာမှမပါပဲငါဒီနေရာကိုရောက်ခဲ့ပေမယ့်
ငါပြန်သွားရင်တော့ ငါ့နာမည်ကိုဒီနေရာမှာထားခဲ့ချင်တယ်....မျက်ရည်တွေခမ်းချောက်နေတဲ့ဒီကမ္ဘာမြေကြီး
ပေါ်မှာ မေတ္တာမိုးရေတွေရွာသွန်းပေးချင်တာ ငါ့ဆန္ဒအစစ်အမှန်ပါ...ဆေးရောင်စုံတွေစုံလင်တဲ့လူသားတွေ
ကြားမှာ ငါတစ်ကယ်တပ်မက်တာ က အဖြူရောင်စစ်စစ်....ခါးသီးတဲ့ဝေဒနာတွေကို ကုစားပေးဖို့အချိန်ဆိုတဲ့
သမားတော်က အကောင်းဆုံးပါပဲ.... အနာကျက်မြန်အောင်တော့ မျှော်လင့်ခြင်း တွေကိုစားသုံးရလိမ့်မယ် ..
အပြိုင်အဆိုင် အတိုက်အခိုက်တွေသိပ်များတဲ့ လောကဘောင်ကြီးထဲမှာ တစ်ကြိမ်တစ်ခါမှ မကျရှုံးချင်တာက
တော့ ငါ့အတ္တ ပဲ.............
POSTED BY နွေမုန်တိုင်း 1 COMMENTS
Labels: Essay
????
မင်းအကြောင်းတွေတွေးရင်
ငါ့ရင်ဘတ်က မနေ့က လိုပဲ
တလှပ်လှပ်နဲ့ပေါ့............
သဘောထားချင်းမတိုက်ဆိုင်လို့
တို့နှစ်ယောက် လမ်းခွဲခဲ့ကြပေမယ့်
ကွဲကြေနေတဲ့နှလုံးသားတွေကိုတော့
နှစ်ယောက်စလုံး ဥပေက္ခာ ပြုထားခဲ့ကြတယ်.....
ခုရောဘာထူးလဲ ချစ်သူ...
နေရာသစ်မှာ မင်းပျော်လို့လား...?
ရင်ခွင်သစ်မှာ အိပ်ပျော်လို့လား...?
လျှောက်နေတဲ့ လမ်းတွေ သာယာလို့လား....?
အိပ်မက်တွေရော လှပါရဲ့လား..ချစ်သူ...???
နှစ်ယောက်အတူစားခဲ့ဖူးတဲ့ထမင်းဆိုင်လေးက
ဖြတ်လျှောက်သွားရင် လှမ်းကြည့်တယ်...
အတူကြည့်ဖူးတဲ့ရုပ်ရှင်ရုံကခုံတန်းလေးတောင်
လွမ်းလှပြီတဲ့...
အတူ လျှောက်ဖူးတဲ့ လမ်းတွေက
ဟောင်းနွမ်းလို့ ပန်းတွေတောင်မပွင့်တာ
ကြာပြီချစ်သူ...............။
POSTED BY နွေမုန်တိုင်း 4 COMMENTS
Labels: PERSONAL
March 10, 2008
အေးလဲ့ မတ်၁၀၊ ၂၀၀၈
ရှမ်း-မြန်မာ အဆိုတော် စိုင်းထီးဆိုင်(အသက် ၅၈နှစ်) သည် အစာအိမ်သွေးကြောပေါက်သည့်ရောဂါဖြင့် ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုထံမှတဆင့် သိရသည်။
“ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက သွေးကြောပေါက်ပြီး သွေးစိမ့်နေတာ။ အဓိက ကတော့ သွေးအန်ပြီး အစာ အိမ်သွေးကြောပေါက်လို့ ဆေးရုံတက်ရတာ။ သွေး ၆ ပုလင်းသွင်းရတယ်။ ၅ ရက်မြောက်မှာ ဆုံးတာပါပဲ” ဟု အဆိုတော် စိုင်းထီးဆိုင်၏ တူမဖြစ်သူ နန်းမိုးအွန်းက ဧရာဝတီကို ပြောသည်။
အဆိုတော် စိုင်းထီးဆိုင်သည် အသည်းကျွမ်းဝေဒနာခံစားနေရပြီး မကွယ်လွန် ခင်က ဆေးရုံ ၂ ခါတက်ရသည်ဟု နန်းမိုးအွန်းက ပြောပြသည်။
အဆိုတော် စိုင်းထီးဆိုင်ကို ၁၉၅၀ ပြည့်နှစ်တွင် ရှမ်းပြည်နယ် လင်းခေးမြို့၌ မွေးဖွားခဲ့ပြီး ငယ်စဉ်ကပင် တေးဂီတ တီးခတ်ဖန်တီးမှုတွင် ဝါသနာထုံခဲ့သူ ဖြစ်သည်။ ၁၉၆၉ ခုနှစ်ဝန်းကျင်က မြန်မာ့အသံ၊ တိုင်းရင်းသား အစီအစဉ်တွင် ၎င်းကိုယ်တိုင်ရေးစပ်သော ရှမ်းသီချင်းများ စတင်ထုတ်လွှင့်ခွင့်ရခဲ့သည်။
၁၉၇၅-၇၆ ခုနှစ်ကတည်းက မန္တလေးတက္ကသိုလ်တွင် စိုင်းထီးဆိုင်ဟူသော အမည်ကို လူသိများခဲ့ပြီး ၁၉၈၀ ပြည့်နှစ် ၀န်းကျင်တွင် နိုင်ငံတဝန်းလူသိများ အောင်မြင်သည့် အဆိုတော်တယောက် ဖြစ်လာခဲ့သည်။
တေးရေးစိုင်းခမ်းလိတ်ရေးသားပြီး စိုင်းထီးဆိုင် သီဆိုထားသည့် “မန္တလေးရောက် ရှမ်းတယောက်” သီချင်းမှာ အလွန် ထင်ရှားသည့် သီချင်းတပုဒ်ဖြစ်ပြီး ရှမ်းလူမျိုးတို့၏ ဓလေ့ရိုးရာနှင့် မောမြေ၏အလှကို ဖော်ကျူးသည့် တေးသီချင်းများစွာ ကိုလည်း သီဆိုခဲ့သည်။
စိုင်းထီးဆိုင်သည် ဗိုလ်ချုပ်နေဝင်းလက်ထက် မြန်မာနိုင်ငံ၏ စတီရီယိုခေတ်ဦးကို စတင်လမ်း ဖောက်ခဲ့သူများထဲမှ တဦး ဖြစ်ပြီး ထိုအချိန်က သူ့တီးဝိုင်းဖြစ်သော The Wild Ones တေးဂီတဝိုင်းကို အလွန်လူကြိုက်များခဲ့သည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့မှ လူငယ်ပရိသတ် တယောက်က “တောင်ကြီးနဲ့ ခွဲခွာနေချိန် သူ့သီချင်းသံစဉ်တွေကို ကြားတဲ့ အခါမှာ တောင်ကြီးမြို့ကို ပြေးပြန်ချင်စိတ်နဲ့ လွမ်းမိပါတယ်။ သူဟာ ကျနော် ၈ တန်း လောက်ကတည်းက အကြိုက်ရဆုံး အဆိုတော်ပါ” ဟုပြောသည်။
စိုင်းထီးဆိုင်၏ သီချင်းအများစုမှာ ရှမ်းပြည်နယ်ရှိ ပြည်တွင်းစစ်ဒဏ်ခံခဲ့ကြရသည့် လူနေမှုဘ၀ကို ထင်ဟပ်ကြောင်း ဂီတ ဝေဖန်ရေးသမားတို့က ဆိုသည်။
၁၉၉၀ ပြည့်နှစ် ၀န်းကျင်တွင် စိုင်းထီးဆိုင်သည် ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးမြသန်းစံနှင့်ပူးပေါင်း၍ စစ်အစိုးရအကြိုက် ၀ါဒဖြန့်ချိရေးသီချင်းများကို သီဆိုခဲ့သောကြောင့် ပရိသတ်၏ ငြိုငြင်မှုကိုခံခဲ့ရသည်။ ၎င်း၏ နာမည်ကြီးသီချင်းတပုဒ်ဖြစ် သည့် “သဘာဝရဲ့ရင်သွေးငယ်တွေ” သီချင်းကိုလည်း ဗိုလ်မှူး မြသန်းစံ ရိုက်ကူးသော “ပါပီမ” ရုပ်မြင်သံကြား ဇာတ်လမ်း တွင် ဇာတ်ဝင်သီချင်းအဖြစ် အသုံးပြုခဲ့သည်။
“ပါပီမ” ဇာတ်ကားသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံအပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းကို ရွေးချယ်ခဲ့သည့် ကျောင်းသားလူငယ်များအား သရော်ထားသည့် ၀ါဒဖြန့်ချိရေးဇာတ်ကား ဖြစ်သည်။
ပရိသတ်က တချိန်ကငြိုငြင်ခဲ့သော်လည်း စိုင်းထီးဆိုင်၏ သီချင်းကောင်းများကို ယခုအချိန်ထိ လူကြိုက်များလျက်ရှိပြီး သီချင်းခွေများမှာလည်း ရောင်းအကောင်းဆုံး စာရင်းဝင်နေဆဲဖြစ်သည်။
စိုင်းထီးဆိုင်သည် မြန်မာ့စတီရီယိုရေစီးကြောင်းအတွင်း ကော်ပီသီချင်းများကိုသာ အားကိုးနေရချိန်တွင် ကိုယ်ပိုင်သံစဉ်ဖြင့် ဂီတလောကကို ထိုးဖောက်လာခဲ့သူတဦးဖြစ်သည်ဟု အဆိုတော် ခင်မောင်တိုးက ဧရာဝတီသို့ ပြောသည်။
“ယူကြုံးမရဖြစ်ပါတယ်။ ကျနော့်ထက် သူကတနှစ်ငယ်တယ်လေ။ သူက အဆိုသမားသက်သက် မဟုတ်ဘူး၊ ဂီတသမား၊ အနုပညာသမား။ ကိုယ်ပိုင်သံစဉ်ကိုပဲ အဓိကလက်ကိုင်ထားပြီး တစိုက်မတ်မတ်လုပ်လာခဲ့တဲ့ သူပါ” ဟု ခင်မောင်တိုးက ဆက်ပြောသည်။
ယခုအခါ အဆိုတော်စိုင်းထီးဆိုင်၏ ကျန်ရစ်သည့် ရုပ်အလောင်းကို ရေဝေးသုသာန်ရှိ ရေခဲတိုက်တွင်ထားရှိပြီး လာမည့် ၁၂ ရက်နေ့တွင် ဂူသွင်းသင်္ဂြိုဟ်မည်ဟု သိရသည်။ အဆိုတော် စိုင်းထီးဆိုင် ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်ခင်သန်းစိုးနှင့် သားတယောက်၊ သမီး ၂ ယောက် ကျန်ရစ်သည်။
http://www.irrawaddy.org/ မှကူးယူတင်ပြခြင်းဖြစ်ပါသည်။
POSTED BY နွေမုန်တိုင်း 0 COMMENTS
Labels: News
အသဲမကွဲတဲ့ဆေး.....!
လူနာ။ ။ ဆရာ…ကျွန်တော် အသဲကွဲနေလို့။ အဲဒါ ရောဂါက မသက်သာဘူးဆရာ…။ တစ်နေ့ ထက် တစ်နေ့ပိုဆိုးလာတယ်…။ ကူညီပါအုံးဗျာ…။
ဆရာဝန်က လူနာကို တစ်ချက်မျှ ခပ်စူးစူး စိုက်ကြည့်လိုက်ပါတယ်…။ ပြီးတော့ သက်ပြင်းတစ်ခုကို ဘာကြောင့် မှန်းမသိ သူ့ဘာသာ ချရင်း ခေါင်းညိတ်ပြလိုက်ပါတယ်…။
ဆရာဝန်။ ။ ဒါဆိုလည်း ခင်ဗျား ဝေဒနာစဖြစ်ပုံကစပြီး ဘယ်လိုတွေခံစားနေရတယ် ဆိုတာ ကျွန်တော့်ကို နဲနဲလောက် ပြောပြဗျာ…။
လူနာ။ ။ အချစ်ဆိုတဲ့ အိပ်မက်တစ်ခုနဲ့ တိုက်မိရာက စတယ်လို့ပဲ ပြောရမှာပေါ့ ဆရာ…။ သူ နဲ့ တိုက်မိပြီးကတည်းက ကျွန်တော့်ညတွေ အရင်ကထက်ပိုရှည်လာလို ခံစားရတယ်။ မနက်တိုင်း လည်း "ကဗျာ" တွေအံတယ်…။ ခံတွင်းတွေလည်း ပျက်တယ်ဆရာ "သတိရခြင်း" တွေကလွဲပြီး ဘာမှစား လို့မရဘူး…။ မရိုသေ့ စကားဆရာရယ် ကန်တော့ပါရဲ့ဗျာ...။ ၀မ်းသွားရင်တောင် "မျှော်လင့်ချက်" တွေပဲ ဖြစ်ဖြစ်နေတယ်။ တစ်နေ့ ကဆို ကျွန်တော် ရုတ်တရက် မူးလဲသွားလို့ "ယုံကြည်ချက်" Drip တစ်လုံး ချိတ်လိုက်ရသေးတယ်…။
ဆရာဝန်။ ။ ခင်ဗျားကိုကြည့်ရတာ ဝေဒနာတော်တော် ကျွမ်းနေတဲ့သဘောရှိတယ်…။ စမ်းကြည့် တာပေါ့ ဗျာ…။ ကျွန်တော်လည်း တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစား ပေးပါ့မယ်….။ အမှန်က ဒီလိုဝေဒနာမျိုး ဆိုတာ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးဗျ။ အင်းပြောသာ ပြောရတာဗျ....။ ဒီလို ရောဂါမျိုးကလည်း ဘယ်လောက်ပဲ ကြိုတင်ကာကွယ် ကာကွယ်...။ လူတစ်ယောက်ရဲ့ ဘ၀မှာ အနည်းဆုံး တစ်ခါတော့ ဖြစ်တတ်ကျတာမျိုးပဲ...။ "သတိ" အားကောင်းသူတွေလောက်ပဲ ရောဂါမကျွမ်းခင် ပျောက်လေ့ရှိ တယ်ဗျ...။
ဆရာဝန်လည်း လိုအပ်တဲ့စမ်းသပ် စစ်ဆေးမှုတွေကို ပြုလုပ်ပြီးနောက် လူနာရဲ့မျက်နှာကို တစ်ချက်မျှ ခဏ လောက် စိုက်ကြည့်လိုက်ပါတယ်….။ အဲဒီ့နောက်မှာ ဆေးတစ်လုံးကို အသာအယာပဲ ထိုးသွင်းပေးလိုက် ပါတယ်…။
ဆရာဝန်။ ။ မပူပါနဲ့ ကျွန်တော်အားလုံး စစ်ဆေးပြီးလိုအပ်တာတွေ အားလုံးလုပ်ပေး လိုက်ပါ တယ်…။ အခု ခင်ဗျားကို ကျွန်တော်ဆေးတစ်လုံးထိုးပေးလိုက်တယ်…။ မကြာခင် အရာရာဟာ အကောင်းဆုံး ဖြစ်သွား မှာပါ…။ ကျွန်တော် အာမခံပါတယ်…။
လူနာ။ ။ ကျေးဇူးတင်ပါတယ် ဆရာရယ်..။ ဟို…သောက်ဆေးတွေ ဘာတွေရောလိုသေးလား ဆရာ?
ဆရာဝန်။ ။ မလိုပါဘူးဗျာ…။ စိတ်မပူပါနဲ့ မကြာခင်အားလုံး အကောင်းဆုံး ဖြစ်သွားမှာပါ။
လူနာ။ ။ ဒါနဲ့ဆရာ... ကျွန်တော် မသိလို့မေးပါရစေ…။ ကျွန်တော့်ကို အခုထိုးပေးလိုက်တာ ဘာဆေး လဲ ဆရာ...??
ဆရာဝန်က လူနာအား ကြင်နာမှု၊ ကိုယ်ချင်းစာမှု အပြည့်ပါသော အပြုံးနဲ့ ကြည့်ပြီး ညင်သာစွာ ဖြေလိုက်ပါ တယ်….။
ဆရာဝန်။ ။ သေဆေး…..!
http://blackdream21.blogspot.com/ မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ ။
POSTED BY နွေမုန်တိုင်း 0 COMMENTS
ကျောင်းတော်ကြီးကချစ်ပုံပြင်
ဒီလိုနဲ့ ဒုတိယနှစ်ရောက်လာတယ်။သူမကကျွန်တော့်အတွက်တော့သခင်ပါပဲ။သူငယ်ချင်းဆိုပေမယ့် ကျွန်တော်ကကြိတ်ပြီးချစ်နေတဲ့သူဆိုတော့ သူမဘာခိုင်းခိုင်းကျွန်တော်မညီးမညူပဲလုပ်ပေးပါတယ်။ခုဆိုရင်သူမ နဲ့ကျွန်တော် တော်တော်လေးကိုရင်းနှီးနေပါပြီ။ပြောရရင်ပိုက်ဆံလိုရင်တောင်သူမဆီကချေးယူရဲလောက် အောင်ကိုရင်းနှီးနေပြီ။(ကျွန်တော်ကရင်းနှီးပြီဆိုတာနဲ့ပိုက်ဆံချေးတော့တာပဲ)သူမကတော့ပေးရှာပါတယ် ရှိတဲ့ အချိန်ပေါ့။ကျွန်တော်ပြန်မပေးရင်လည်း မတောင်းဘူး။ပေးရင်တော့ယူတယ်။နှစ်နှစ်ဆိုတဲ့အချိန်အတိုင်းအတာ တစ်ခုမှာ သူမနဲ့ကျွန်တော်သံယောဇဉ်တွေဖြစ်ခဲ့ကြတယ်။သူမကိုကျွန်တော်ရည်းစားစကားပြောတော့ သူမက တစ်နေ့ ကျွန်တော်ဒီလိုပြောမယ်ဆိုတာသိပြီးသားတဲ့။အဲဒါကြောင့် သူကလည်း ကြိုပြီးစဉ်းစားထားတယ်တဲ့။ ဒါနဲ့သူမကကျွန်တော့်ကိုမေးခွန်းတစ်ခုမေးတယ်။တစ်နဲ့တစ်ပေါင်းရင်ဘာရလဲ တဲ့။ကျွန်တော်ကလည်းချက်ချင်း ပဲနှစ်လို့ဖြေလိုက်တယ်။ သူမကနှာခေါင်းရှုံ့ပြီး မှားတယ် တဲ့။အဖြေက တစ် တဲ့။ ကျွန်တော်ကဘာဖြစ်လို့လဲမေးတော့ သူမက ယောင်္ကျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ပေါင်းစပ်လိုက်ရင် တစ်ဘ၀ဆိုတဲ့အဖြေရတယ် တဲ့။ ပျော်လိုက်တာကောင်မလေးရယ်.....။အဲဒီအဖြေဟာကျွန်တော့်အတွက်မဟုတ်ခဲ့ဘူးဆိုတာ အစကတည်း က ကျွန်တော်သိခဲ့ရင်..........။
ဒီလိုနဲ့ပြက္ခဒိန်တွေတစ်ရွက်ပြီးတစ်ရွက်ပြောင်းပြီး ကျွန်တော်တို့နှစ်ယောက် နောက်ဆုံးနှစ်ရောက်လာ တယ်။နှစ်ယောက်အတူစာတွေကျက်ပြီး တစ်ခါတစ်လေ စိတ်အပန်းပြေ နှစ်ယောက်အတူ ချက်ကစားကြတယ်။ အနာဂတ်အတွက် ဇယားတွေချကြတယ်။ခုတစ်လောသူမမျက်နှာ သိပ်မကောင်းတာသိပေမယ့် ဖွင့်မမေးဖြစ်ခဲ့ ဘူး.သူမမျက်နှာကြည့်ရတာ တစ်ခုခုကိုပြောချင်နေသလိုပါပဲ။ဒါနဲ့ကျွန်တော်လည်းသူ့စိတ်ထဲပေါ့သွားအောင် ဘာဖြစ်နေတာလဲ တစ်ခုခုပြောချင်နေတာလား လို့မေးတော့သူမက ဘာမှမဟုတ်ပါဘူးတဲ့ ဆိုပြီးကျွန်တော့် မျက်နှာကိုတစ်ချက်ကြည့်တယ် ပြီးတော့သူမကပဲ စာမေးပွဲဖြေပြီးမှပဲပြောမယ် တဲ့။ ဒီလိုပြောတဲ့အချိန်မှာ သူမ မျက်နှာ တော်တော်လေးညှိုးသွားတယ်။ ကျွန်တော်လည်းဆက်မမေးတော့ပါဘူး။ခဏနေတော့ ကိုယ့်အိမ်ကိုယ် ပြန်ခဲ့ကြတယ်။
ဒီလိုနဲ့စာမေးပွဲနောက်ဆုံးနေ့ ရောက်သွားတယ်ပေါ့ဗျာ။ သူမကိုမေးတော့ဖြေနိုင်တယ်တဲ့ ။ကျွန်တော် လည်းဖြေနိုင်တယ်ဆိုတော့ သိပ်မကြာခင်ဘွဲ့ရတော့မယ် ပြီးရင် သင့်တော်တဲ့အလုပ်တစ်ခုဝင်လုပ်ပြီး နှစ်ယောက် ပေါင်းဘ၀တစ်ခု တည်ဆောက်မယ်လို့တွေးပြီး ကျွန်တော်က သူမကိုမျှော်လင့်ကြီးစွာနဲ့ ကြည့်တော့ သူမက ကျွန်တော့်လက်ထဲကိုစာအိတ်တစ်အိတ်ထည့်ပေးတယ် သူပြန်သွားမှဖွင့်ကြည့်ပါတဲ့။နေသိပ် မကောင်းလို့သူပြန်တော့မယ်တဲ့ ဆိုပြီး သူထွက်သွားတယ်။ ကျွန်တော်ကတော့သူမကိုနားမလည်စွာရပ်ကြည့် နေမိတယ်။ ခဏနေမှ သတိရပြီး လက်ထဲကစာအိတ်ကို ဖွင့်ကြည့်လိုက်တယ်။ ကျွန်တော့်မျက်လုံးတွေ ပြာသွား တယ် ဟုတ်ရဲ့လားဆိုပြီးသေချာထပ်ဖတ်ကြည့်တယ် သေချာတယ်ဆိုတော့မှကျွန်တော်သက်ပြင်းတစ်ချက်ချ လိုက်တယ်။ကျွန်တော်သူမကိုဘာစကားမှလည်းမပြောနိုင်တော့ပါဘူး။သူမကထွက်သွားပြီလေ။ခုတော့ကျွန်တော့် မှာ သူမရဲ့မင်္ဂလာဆောင်ဖိတ်စာကြီးကိုင်လို့။ ဪ နောက်တစ်ပတ်ဆိုင်သူမလက်ထပ်တော့မှာပါလား။ ။
POSTED BY နွေမုန်တိုင်း 2 COMMENTS
Labels: Essay