
ငါအခုခရေပန်းလေးတွေကောက်နေတယ်။ ခရေတစ်ကုံး သီကုံးမလို့ပေါ့။
ဟိုအရင်ကဆို ဒီလမ်းလေးက ချစ်သူနှစ်ဦးရဲ့ ပျော်ရွှင်ကြည်နူးစွာနဲ့ အမှတ်တရပေါင်းများစွာ မှတ်ကျောက်တင်ခဲ့တဲ့ နေရာလေးပေါ့။ တို့နှစ်ယောက်ခရေပန်းလေးတွေကို ဘယ်သူအများဆုံးကောက်နိုင်မလဲဆိုပြီး လုကောက်ခဲ့ကြဖူးတယ်နော်။
ခရေပန်းတွေကောက်ပြီး ငါတို့နှစ်ယောက်ပေါင်း ကောက်လို့ရတဲ့ ခရေပန်းလေးတွေကို ငါက အိမ်ကိုယူသွားတယ်။နင့်အတွက်ငါကိုယ်တိုင် ခရေကုံးလေးတွေကို သီကုံး ပေးဖို့ပေါ့။ နောက်နေ့ကျတော့ နင့်အတွက်ငါသီကုံးပေးတဲ့ ခရေကုံးလေးတွေကို နင့်ရဲ့ဆံကေသာမှာ ငါကိုယ်တိုင် ပန်ဆင်ပေးခဲ့တယ်။
ခရေရနံ့တွေနဲ့ နင့်ဆံနွယ်တွေကို ငါတန်ဖိုးထားခဲ့တယ်။ နင့်ရဲ့ပိတုန်းရောင်ဆံကေသာက ငါ့ခရေကုံးလေးတွေနဲ့ ပနံသင့်လိုက်တာကောင်မလေးရယ်။ ခရေပန်းကိုမှ မြတ်မြတ်နိုးနိုး ချစ်တယ်ဆိုတဲ့နင့်ကို ငါကလည်း အမြတ်တနိုးနဲ့ တန်ဖိုးထား ချစ်ခဲ့တယ်။ နေ့စဉ်နေ့တိုင်းငါက နင့်ရဲ့ပန်းဆက် ဗျတ္တ ပေါ့။ ဒါလေးကိုပဲ ငါကျေနပ်နေမိပါတယ်။ နင့်အတွက် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးချင်နေတာကိုက ငါနင့်အပေါ်ထားတဲ့ မေတ္တာတရား ဆိုတာ ကိုနင်လည်းသိခဲ့တယ်။ ငါနင့်ဆီကိုနေ့စဉ် ခရေပန်းလေးတွေ ဆက်ခဲ့တယ်နော် ။
ဒီလိုနေ့စဉ် ဆက်သနေတဲ့ကြားက ......
တစ်နေ့မှာ နှင်းဆီပန်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ နင်ငါ့ဆီရောက်လာခဲ့တယ်။ နင်ပြောတော့ လက်ဆောင်ရလာတာတဲ့။ ဘယ်သူတစ်ဦးတစ်ယောက်က ပေးတာလဲလို့ ငါနင့်ကိုမမေးခဲ့ပါဘူး ။ နင့်မျက်နှာလေးကိုကြည့်လိုက်တာနဲ့ နှင်းဆီပန်းတွေကို နင်ဘယ်လောက် တပ်မက် နေတယ်ဆိုတာ ငါသိခဲ့ပါတယ်။ခရေ ကိုမှ ချစ်တယ်ဆိုတဲ့နင်က နှင်းဆီပန်းတွေ ရောက်တဲ့နေ့ကစပြီး ငါ့ခရေပန်းလေးတွေကို လျစ်လျူ ရှုခဲ့တယ်။ ငါ့ခရေပန်းလေးတွေ နင့်ဆံကေသာမှာ မပန်ဆင်ရပဲ ပိုင်ရှင်မဲ့ နွမ်းခြောက် ရပြီ။ ငါစိတ်မကောင်းပါဘူး။နင့်ကိုငါ နားလည်ပါတယ် ။ နွမ်းခြောက်သွားပေမယ့်လည်းငါ့ခရေပန်လေးတွေ မွှေးပျံ့နေဆဲပါ။ ငါ နင့်ကိုမပေးဖြစ်ခဲ့တဲ့ ခရေပန်းလေးတွေ ကို အမှတ်တရအဖြစ်သိမ်းထားတာ ခုဆိုရင် ခရေပန်းထည့်တဲ့သေတ္တာလေးတောင် ပြည့်တော့မယ်။
နှင်းဆီဆိုတာ တော်ဝင်ပန်းပါ ချစ်သူ ။ နင်လိုချင်တက်မက်တာကို ငါအပြစ်မမြင်ပါဘူး။ ဒါပေမယ့် အခန့်မသင့်လို့ ဆူးစူးမှာကိုတော့ငါ စိုးရိမ်မိတယ်။
ခုဆိုရင် နင့်ဆံကေသာမှာ ငါ့ခရေပန်းလေးတွေ မမြင်ရတာ ရက်တွေကို လစားလို့ သက္ကရာဇ်တစ်ခုတောင်အသစ်ဖြစ်သွားပြီကောင်မလေးရေ။
ဘာပဲဖြစ်ဖြစ်ပါ ငါ့ရဲ့ခရေပန်းလေးတွေ နင့်ကိုခုထိ မျှော်လင့်နေတုန်းပါပဲ။ အခန့်မသင့်လို့ နင့်ကို နှင်းဆီဆူး တွေစူးခဲ့ရင် အဲဒီနှင်းဆီကို စွန့်ပြီး ခရေပင်လမ်းလေးကို ပြန်လာခဲ့ပါချစ်သူ ။ ခုတော့ခရေပင်ကြီးတောင် ပန်းကောက်မယ့်သူမရှိလို့ ပန်းတွေမပွင့်တာတောင် တော်တော်ကြာပြီ........။ပိုင်ရှင်မယ့်နွမ်းခြောက်နေတဲ့ ခရေကုံးလေးတွေ ကိုနင်လာကြည့်လှည့်ပါ။ ခုချိန်ထိ မွှေးပျံ့နေတုန်းပါပဲ ။ ပြန်လာကြည့်ရင်နင်သိမှာပါ...............။
ခုချိန်ထိ ငါ ခရေပန်းလေးတွေ သီနေတုန်းပါပဲချစ်သူ။
12 Comments:
ကိုဗျတ္တရေ..အဲ..သယ်ရင်းရေ..နင့်ကောင်
မလေးနှင်းဆီဆူးမြန်မြန် ဆူးပါစေလို.နာဆု
တောင်းပေးခဲ့ရင်လည်း..တောင်မလေးကနာ့
ကိုထုလိမ့်မယ်။ခရေပင်ကြီး..ခရေပန်းလေး
တွေမြန်မြန်ပွင့်နိုင်ပါစေဟာ...။
နှင်းဆီဆိုတာ တော်ဝင်ပန်းပါ ချစ်သူ ။ နင်လိုချင်တက်မက်တာကို ငါအပြစ်မမြင်ပါဘူး။ ဒါပေမယ့် အခန့်မသင့်လို့ ဆူးစူးမှာကိုတော့ငါ စိုးရိမ်မိတယ်။
~~ အဲဒီ့စာသားလေးကတော့ တော်တော်ခရီးရောက် တယ်သူငယ်ချင်းရေ ထပ်တူခံစားရတယ်ကွာ~~ :(
နှင်းဆီလို တန်ဖိုးမကြီးပေမယ့် ဆူးနဲ့ ရန်မဆောင် အေးဆေးတဲ့ အကြွေပန်းဘဝနဲ့ ဖြူစင်တဲ့ ခရေပန်းလေးတွေက ခြောက်နွမ်းသည့်တိုင် မွှေးပျံ့နေမှာပါ ညီလေးရေ။
နှင်းဆီလိုတော်မ၀င်ပေမဲ့ ခရေလဲသူ့တန်ဖိုးနဲ့သူရှိပါတယ်... ပန်းတိုင်းပန်းတိုင်းဟာ တန်ဖိုးကိုယ်စီနဲ့ပေါ့... ပန်းကလေးတွေက အချိန်တန်ရင် နွမ်းလျှကြွေကြတာကြီးပဲလေ... အဲဒီလို ကြွေကြတတ်ပေမဲ့ ခရေကတော့ နွမ်းနေပေမဲ့ ရနံကတော့ ရှိနေစဲပါ...
စာသားလေးတွေဖတ်ပြီး အရမ်းခံစား ရတယ်ဗျာ။ ခရေပန်းလေးတွေကို အရင်လို ချစ်သူရဲ့ဆံကေသာမှာပန်ဆင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာ။
အဖြေပြန်ရတုန်းက ခရေပင်လမ်းထဲမှာ ....
လူတွေ အများကြီးမရှိပါ ....
နှစ်ယောက်လက်တွဲလျှောက်ကာ .....
း)
မနက်ဖြန်မနက် မှာ ကောင်းကင်တခုလုံး ခရေမိုးတွေ ရွာနေပါစေ လို. ထပ်တူဆုတောင်းနေတယ် ...
သယ်ချင်းးးးးး
ခရေ တွေ လှိုင် လှိုင် ပွင့်ပါစေ :)
ကိုလေဗျတ္တရေ..........
စာသားတွေက နုအက်ဖုထွက်နေပါလားး ခရေပန်းနဲ့  ကောင်ကလေးကို သနားတယ် ။ ကောင်မလေးတစ်နေ့  နှင်းဆီဆူးမဆူးပါစေနဲ့ လို ၀ိုင်းဆုတောင်းသွားပါတယ်ဗျာ.။ ခရေပန်းလေးက န်းဆန်တဲ့တော်ဝင်ပန်းမဟုတ်ပေမယ့် ထာဝရမွှေးကြူနေမယ့် ပတ်ဝန်ကျင်ကို အေးချမ်းတဲ့ မွှေးရနံတွေ ပေးနေအုံးမယ်ဆိုတာကိုတော့ ယုံကြည်ပါတယ်။
အားပေးနေတယ် အစ်ကိုရေ့ အောင်မြင်ပါစေ.........။
အကိုရေ ယုန်လေးက တော့ တပုဒ်လုံးကိုကြိုက်တယ်နော် ဘာဖြစ်လိုလဲဆို တော့ ခရမ်းတွေကို အရမ်းကြိုက်တယ် ခရေပန်းက ခြောက်သွားပေမယ့်လည်း မွေးရနံ့သင်းပျံ့ ဆဲပါပဲနော် ယုန်လေးတိုလည်း ငယ်ငယ်လေးကတည်းက ခရေပန်းတွေကို ကောက်ပြီး လက်ကိုင်ပုဝါထဲ ထည့်။ အကျီင်္အိတ်ကပ်ထဲမှာထည် လွယ်အိတ်ထဲမှာ ထည့်ပြီး ကျောင်းတက်လာတာကို သတိရတယ်နော် ကျေးဇူးပါပဲ အခုလိုရေးပေးတာ
ခရေတွေမွှေးပါစေ.......
ခရေပင်ပြန်ပွင့်လို့ နှစ်ယောက်သားပန်းတွေပြန်သီနိုင်ပါစေ..
ခရေတကုံး ..
ဘယ်လို သုံးမလဲ ..
နွေမုန်တိုင်းတော့ တုန်းလုံးလဲနေပြီ ..
(ငယ်ငယ်က ဖတ်ဖူးတဲ့ ပိုးဇာ ကာတွန်းထဲက ခရေတကုံးအကြောင်း သွားသတိရလို့ဗျာ..)
တကယ်ခံစားထားလို့များလား ..
တော်တော်လေးကို ဖတ်လို့ ထိတယ်ဗျာ..။
လုပ်ထားဗျို့ ..။
Post a Comment