
ဒီနေ့ ကျွန်တော်နဲ့ကျွန်တော့်ကောင်မလေး အဆင်မပြေဖြစ်တယ်ဗျာ.သိပ်မကြာခင်အချိန်အတွင်းမှာလက်ထပ် တော့မယ့် ကျွန်တော့်ချစ်သူက ကျွန်တော့်ကို နားမလည်နိုင်သေးတာ ကိုကျွန်တော်ဘယ်လိုလုပ်ရမလဲမသိဘူး ဖြစ်နေတယ်။သူက ကျွန်တော့်ထက် လေးနှစ်လောက်တော့ငယ်ပါတယ်။ ကျွန်တော်သူမကို ချစ်သူလိုရော ညီမ လေးတစ်ယောက်လိုပါ ဂရုတစိုက်နဲ့ ချစ်လာခဲ့တာ ခုဆိုရင် သုံးနှစ် သုံးမိုးတောင်ရှိတော့မယ်။ သူမနဲ့ကျွန်တော် အဆင်မပြေဖြစ်တာခုမှမဟုတ်ပါဘူး ဟိုးအရင်ကတည်းကပါ။
သူမက ကလေးတစ်ယောက်လို ကျွန်တော့်အပေါ် ဆိုးတယ်။ဆိုးစမ်းပါစေ ကျွန်တော်နားလည်ခွင့်လွှတ်လို့ရတာပေါ့။ပြီးတော့သူမက ဘာမဟုတ် တာလေးတွေက အစ ကျွန်တော့်ကို ချုပ်ချယ်တယ်။ဥပမာ.ကျွန်တော်သူငယ်ချင်းကောင်မလေးတွေနဲ့ အတူတူ တွေ့ရင်ရှေ့မှာတော့ဘာမှမပြောပါဘူး။မျက်နှာလေးကပြုံးလို့ ။သူအဲလိုပြုံးပြီးဆိုရင် ကျွန်တော်နာပြီလို့သာ မှတ်ပေတော့။နောက်ကွယ်ရောက်ရင်ကျွန်တော့်ဗိုက်ခေါက်ကိုလိမ်ဆွဲ ပြီးရှင်က ဘာဖြစ်တယ် ညာဖြစ်တယ်ဆို ပြီး ပြဿနာရှာတော့တာပါပဲ။ အဲဒီခါကျရင်ကျွန်တော်ကလည်း နားလည်မပေးရကောင်းလားဆိုပြီး သူ့ကိုပြန်ပြီး စိတ်ဆိုးတာပေါ့။ အဲဒီခါကျတော့သူမက ချစ်လို့သ၀န်တိုတာတဲ့။ သူချစ်တာကိုနားမလည်ဘူးလား တဲ့။သေရော။ ကျွန်တော်ပြန်စိတ်ဆိုးတော့သူမက ပြန်ပြီးကျွန်တော့်ကို နားလည်မပေးဘူး တဲ့။ ချာလပတ်ကိုရမ်းနေတာပဲဗျာ။ ဘာပဲပြောပြောသူမနဲ့ချစ်သူဖြစ်ရတာ ကျွန်တော့်အတွက် ကျေနပ်စရာတွေချည်းပါပဲ။ တစ်ခါတစ်လေ အဆင် မပြေဖြစ်တာကလွဲရင်ပေါ့။ ဒါကလည်းချစ်သူတွေကြားမှာဖြစ်တတ်တဲ့သဘောတရားလေးတွေဆိုတာ ကျွန်တော် နားလည်ထားပါတယ်။ အခုတော့သူမနဲ့ကျွန်တော်က တစ်ယောက်တစ်နေရာဆီမှာပါ။သိပ်အဝေးကြီးမဟုတ်ပါ ဘူး သူမနဲ့ကျွန်တော့်ကြားမှာ မိုင်တစ်ရာကျော်ကျော်လောက်ပဲခြားထားတာပါ။နေ့ချင်းသွားပြီးနေ့ချင်းပြန်လို့ ရပါတယ်။ သူမနဲ့ဝေးနေပေမယ့် ကျွန်တော်သူမအပေါ်မှာ ထားခဲ့တဲ့ဂတိတွေ မပျက်ခဲ့ပါဘူး။ ခုလိုခဏခွဲနေကြ တာကလည်းသူမနဲ့ ကျွန်တော်အတူနေနိုင်ဖို့ပါ။ ချစ်သူနဲ့ခွဲပြီးနေနေရတဲ့ဘ၀က ခွဲခွါဖူးတဲ့သူတွေပဲ ကိုယ်ချင်း စာတတ်တာပါ။
ကျွန်တော်သူ့ကိုဘယ်လောက်သတိရနေကြောင်း၊ ဘယ်လောက်လွမ်းနေကြောင်း၊ သူ့အတွက် ဘယ်လောက်အတိုင်းအတာအထိပေးဆပ်ထားကြောင်းသူမ နားမလည်ပါဘူး။ သူမသိတာ သံသယတွေပါပဲ။ သူမပြောသလိုဆိုရင်တော့ ချစ်လို့သ၀န်တိုတယ်ပေါ့ဗျာ။ ဘာဖြစ်ဖြစ်ကျွန်တော်သူမကိုချစ်တယ်။ သူမကလည်း ကျွန်တော်နဲ့ထပ်တူပဲဆိုတာ ကျွန်တော့် နှလုံးသားထဲမှာ အလိုလိုသိထားတယ်။နားမလည်အဆင်မပြေမှုတွေရှိ ပေမယ့်ဒါတွေက ခဏလေးပါပဲ။ပြီးရင်နှစ်ယောက်စလုံးနေနိုင်ကြတာမဟုတ်ပါဘူး။ဘယ်သူအရင်စခေါ်မလဲဆိုပြီး တစ်ယောက်နဲ့တစ်ယောက် စောင့်ကြည့်နေကြတဲ့သူတွေပါ။ သိပ်မကြာခင်အချိန်လေးအတွင်းမှာသူမနဲ့ ကျွန်တော်လက်ထပ်တော့မယ်။ ရည်ရွယ်ထားတဲ့ဘ၀တစ်ခု ကိုလက်တွေ့ တည်ဆောက်တော့မယ် ။ခုချိန် ဆိုရင်သူမဘယ်လောက်များပျော်နေမလဲ။ ကျွန်တော်ရော ...........???
3 Comments:
ဝေးနေရတဲ့ ချစ်သူတွေရဲ့ ခံစားချက်ကို အရမ်းကိုယ်ချင်း စာပါတယ်ဗျာ..။ ခင်ဗျား ချစ်သူကို အခုလိုဝေးနေကြချိန်မှာ စကားလေး တစ်ခွန်းလောက် လက်ဆောင်ပေးချင်တယ်ဆို ကျွန်တော့်ရဲ့ "အဝေးရောက် ဆုတောင်း" ရဲ့ အောက်ဆုံးမှာ အနီရောင်နဲ့ရေးထားတယ်...။ :) အရေးအသားကောင်း တယ်ဗျာ..အားပေးနေပါတယ်....။
အခုမှ `စ´ တဲ့ကျွန်တော့်အတွက် ခုလိုအားပေးစကား တွေက ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို ကိုးရီးယားဂျင်းဆင်း ထက်အားရှိစေတယ်ဗျာ။တစ်ကယ်ပါ။ဒီနေ့တော့ထမင်း မစားပဲအိပ်လို့ရပြီ။
မပြေလည်တာတွေ ကတော့ချစ်သူတွေ ကြားမှာရှိနေကြပါပဲ ၊ တကယ်လက်တွေ့ဘ၀ကို မကြာခင် အကောင်အထည်ဖော်တော့မှာဆိုတော့
အဆင်ပြေကြပါစေဗျာ
Post a Comment