March 11, 2008

????


ချစ်သူ ............
မင်းအကြောင်းတွေတွေးရင်
ငါ့ရင်ဘတ်က မနေ့က လိုပဲ
တလှပ်လှပ်နဲ့ပေါ့............

သဘောထားချင်းမတိုက်ဆိုင်လို့
တို့နှစ်ယောက် လမ်းခွဲခဲ့ကြပေမယ့်
ကွဲကြေနေတဲ့နှလုံးသားတွေကိုတော့
နှစ်ယောက်စလုံး ဥပေက္ခာ ပြုထားခဲ့ကြတယ်.....

ခုရောဘာထူးလဲ ချစ်သူ...
နေရာသစ်မှာ မင်းပျော်လို့လား...?
ရင်ခွင်သစ်မှာ အိပ်ပျော်လို့လား...?
လျှောက်နေတဲ့ လမ်းတွေ သာယာလို့လား....?
အိပ်မက်တွေရော လှပါရဲ့လား..ချစ်သူ...???

နှစ်ယောက်အတူစားခဲ့ဖူးတဲ့ထမင်းဆိုင်လေးက
ဖြတ်လျှောက်သွားရင် လှမ်းကြည့်တယ်...
အတူကြည့်ဖူးတဲ့ရုပ်ရှင်ရုံကခုံတန်းလေးတောင်
လွမ်းလှပြီတဲ့...
အတူ လျှောက်ဖူးတဲ့ လမ်းတွေက
ဟောင်းနွမ်းလို့ ပန်းတွေတောင်မပွင့်တာ
ကြာပြီချစ်သူ...............။

4 Comments:

Unknown said...

ခုရောဘာထူးလဲ ချစ်သူ...
နေရာသစ်မှာ မင်းပျော်လို့လား...?
ရင်ခွင်သစ်မှာ အိပ်ပျော်လို့လား...?
လျှောက်နေတဲ့ လမ်းတွေ သာယာလို့လား....?
အိပ်မက်တွေရော လှပါရဲ့လား..ချစ်သူ...???

အတူ လျှောက်ဖူးတဲ့ လမ်းတွေက
ဟောင်းနွမ်းလို့ ပန်းတွေတောင်မပွင့်တာ
ကြာပြီချစ်သူ...............။

စကားလုံးတွေ ထိတယ်ဗျာ..။ အိပ်မက်တွေတောင် အသက်ရှူရပ်သွားတယ်...။ တကယ်...

နွေမုန်တိုင်း said...

ကိုအိပ်မက်ကတော့လုပ်တော့မယ်။ကျွန်တော်တောင် ငုတ်တုတ်မေ့သွားတယ်။ အဟီး ။

Unknown said...

ကျွန်တော်ဒီကဗျာမှာသုံးထားတဲ့ Photo လေးကိုကြိုက် လို့ယူသွားပါတယ်။ ခွင့်ပြုမယ် ထင်ပါတယ်..။ :)

နွေမုန်တိုင်း said...

မပြုဘူးဆိုရင်လည်း ယူမှာပဲမဟုတ်လား :)

 

blogger templates | Make Money Online