မနေ့ကငါ......
သီချင်းတွေ ဆိုညည်း
ပျော်တော်ဆက်လို့
နင့်ကို ချော့သိပ်ခဲ့တယ်။
မနေ့ကငါ......
ကဗျာတွေ သီကုန်း
ရင်တစ်ခုလုံး ရင်းပြီး
နင့်အတွက် ရည်ရွယ်ခဲ့တယ်။
မနေ့ကငါ......
မိုးပေါ်က ကြယ်ကိုဆွတ်
နင့်အတွက် လည်ဆွဲလုပ်မယ်ဆိုပြီး
ငါ့ အချစ်ကို ဖွဲ့ဆိုခဲ့တယ်။
မနေ့ကငါ......
နင့်အတွက်ဆိုပြီး
ငွေခြေကျင်းလေး ၀ယ်
ငါကိုယ်တိုင် ၀တ်ဆင်ပေးခဲ့တယ်။
နင့်အတွက်ဆိုပြီး
ငွေခြေကျင်းလေး ၀ယ်
ငါကိုယ်တိုင် ၀တ်ဆင်ပေးခဲ့တယ်။
မနေ့ကငါ......
ရင်ခွင်ကို ပေါင်းသင်လို့
နှင်းဆီ တစ်ခင်းပျိုး
နင့်အတွက် ငါ
ဥယျာဉ်တစ်ခု ဖန်ဆင်းခဲ့တယ်။
မနေ့ကငါ.......
ဘုရားမှာဆုတောင်း
ရိုးမြေကျ ပေါင်းရစေဖို့
နင့်ကိုငါတစ်ကယ်
ရည်ရွယ်ခဲ့တယ်။
မနေ့ကငါ......
မပြေလည်တာတွေ တစ်ခဏ
မပြေလည်တာတွေ တစ်ခဏ
နင့်အတွက်ဘ၀င်ကျစေဖို့
ခပ်ပြုံးပြုံးလေး နေခဲ့တယ်။
မနေ့ကငါ.......
မနေ့ကငါ.......
မနေ့ကငါ.......
ဒီနေ့မှာတော့......
သီချင်းတွေရပ်တန့်
ကဗျာတွေ ရင်ကွဲပြီး...
လည်ဆွဲလေး ပျက်စီး...
ငွေခြေကျင်လေး ပျောက်ပျက်လို့
ဥယျာဉ်ကြီးလဲ ခြောက်ကပ်နေပြီ...
တောင်းတဲ့ဆုတွေ မပြည့်နိုင်ပဲ
တောင်းတဲ့ဆုတွေ မပြည့်နိုင်ပဲ
ငါ့အပြုံးတွေ အသက်မဲ့သွားတာ....
နင် ရက်စက်တယ်
ကောင်မလေးရယ်.....။
9 Comments:
ကောင်မလေးက ရက်စက်သွားတယ်လား သနားလိုက်တာ သွပ်သွပ် ............။
မနေ့ က ပေဆပ်ခဲ့ရတာတွေ လှပတဲ့ မနက်ဖန်တိုင်းမှာနားလည်မှုများစွာနဲ့  ပြန်ရနိုင်ပါစေဗျာ။
ကဗျာလေး ချစ်ခြင်းတွေနဲ့  လှနေတယ်။
ကောင်းတယ်ဗျ .........။
အားပေးနေပါတယ် ကိုလေမုန်တိုင်းရေ့
ဟား..ကောင်းတယ်ဟေ့..ရေလည်လန်းတယ်
ရင်ခွင်ကိုပေါင်းသင်လို.နှင်းဆီတစ်ခင်းပျိုး..နင့်
အတွက်ငါဥယျာဉ်တစ်ခုဖန်ဆင်းခဲ့တယ်..
ဆိုတာကိုကြိုက်တယ်။ကဗျာလေးကလှတယ်
ဟ...။
ကောမာန့်ပေးသွားတယ်နော်။။ ပျော်ရွှင်ပါစေဗျာ
မိန်းမတစ်ယောက်ကြောင့် အသည်းကွဲရတဲ့လူမဖြစ် ပါစေနဲ့ဗျာ။။။။
အဲဒါကိုအချစ်လို့ခေါ်တယ်။
အချစ်စစ်ပေါ့။ဘာဘဲဖြစ်ဖြစ်ပါ
လုပ်နေကြတွေကိုပုံမှန်ဘဲလုပ်
ပေးလိုက်ပါ။ဖြူစင်တဲ့ချစ်ချစ်တွေ
ကိုကိုယ့်ဘာသာသိတယ်ဟုတ်........
ကောင်မလေးက ရက်စက်သွားတာပေါ့နော် ...:)
ကိုနွေ...တို့က နွေ ရောက်ပြီဆိုတော့
ရင်မှာ မုန်တိုင်းထန်ပြန်ပြီပေါ့လေ။
မုန်တိုင်းတွေစဲပြီး လေပြေလေညှင်းလေး တိုက်ပါစေ။
နွေမုန်းတိုင်းကနေ.... နွေလေပြေ နာမည်ပြောင်းရင်လဲ
အကြောင်းကြားအုံးဗျ။
ako yay kg tal way!:D
ပုန်နေတာ ပြန်ရှာတွေ့ပါစေ ဗျာ :D
မနေ့ကငါ
ပုလင်းကိုဖောက်
အလွမ်းကိုသောက်ပြီး
မှောက်သွားတယ်....။
~~နွေနီးလေ မုန်တိုင်းက ပြင်းလေပါလား :)~~
Post a Comment