March 13, 2008

နားလည်မှု

`သူ´က ဘယ်နေရာမဆို တော်တော်လေးအရေးကြီးတဲ့ အရာတစ်ခုအဖြစ် ဖြစ်တည်နေတယ်ဆိုတာ သင်လည်း သိမှာပါ။ `သူ´မရှိရင် အရာရာမှာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဘာပဲလုပ်လုပ် ဘ၀င်မကျနိုင်ပါဘူး။ `သူ´က သင့်ကို ဟိုးအမြင့်ကြီးရောက်အောင်ပို့ဆောင်ပေးနိုင်သလို ဟိုးအောက်ဆုံးရောက်အောင် ဆွဲချ သွားနိုင်တယ် ဆိုတာ သင်သိပါလိမ့်မယ်။ အရာရာမှာအောင်မြင်နိုင်ဖို့ ဆိုရင်အရင်ဦးဆုံးသင် `သူ့´ ကိုခင်မင်တတ်အောင်ကြိုးစားရပါမယ်။ `သူ´ က မိသားစုကြားမှာလည်းအရေး ပါတယ်။ အသိုင်းအ၀ိုင်းကြားမှာလည်း အရေးပါတယ်။ ပတ်ဝန်းကျင်မှာလည်းအရေးပါတယ်။ လူငယ်ကြားမှာ လည်းအရေးပါတယ်။ လူကြီးတွေကြားမှာလည်းအရေးပါတယ်။ ချစ်သူတွေကြားမှာလည်းအရေးပါသလို အိမ်ထောင် တစ်ခုမှာလည်း အရေးပါတယ်။ `သူ´ ဟာ အရာရာမှာ ပိုင်ဆိုးသူပါ။ နောက်ဆုံးသင်နဲ့ ကျွန်ုပ်ကြား မှာလည်းသူက အရေးပါတယ်ဆိုတာ သင်မမေ့ထားပါနဲ့။ `သူ´ မရှိရင် သင်နဲ့ကျွန်ုပ်ရှေ့ဆက်လို့ ရမှာမဟုတ် တော့ဘူး ။ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေအဖြစ်နဲ့ ကိုဆိုလိုတာပါ။ `သူ့´ ကြောင့်ကျွန်တော့်ဘ၀ကြီး အကြိမ်ကြိမ် သေခဲ့ရဖူးသလို `သူ့´ ကြောင့်ပဲကျွန်တော့်ဘ၀ကြီး အနာဂတ်အိပ်မက်တွေ မက်ခွင့်ရခဲ့ဖူးတယ်။ `သူ့´အတွက်နဲ့အကြိမ်ကြိမ်လဲကျပြိုပျက်သွားသူတွေကို `သူ´ကပဲ ပြန်ပြီးဖေးမကူညီနိုင်ပါတယ်။ ဘယ်အရာ တွေလဲကျရှုံးနိမ့်ပါစေ `သူ´ကတော့ဘယ်တော့မှမရှုံးပဲ အရာအားလုံးကို ခပ်ပြုံးပြုံးနဲ့နွေးထွေးစွာကြိုဆိုနေသူပါ။
p.s-ရေးမိရေးရာလေးပါ။ဖတ်ပြီးအမြင်မကပ်ကြပါနဲ့။

0 Comments:

 

blogger templates | Make Money Online