March 25, 2008

နှုတ်မဆက်ပဲ ထွက်သွားသူ

အတူထိုင်ဖူးတဲ့ ကော်ဖီဆိုင်လေးရဲ့ အတူထိုင်ဖူးတဲ့ ထိုင်ခုံလေးမှာ ငါအခု ထိုင်နေတယ်ချစ်သူ။
မပြောင်းလဲ့တဲ့ဒီဆိုင်လေးက မပြောင်းလဲသေးတဲ့ တေးသီချင်းလေးတွေကို ခုထိဖွင့်ထားတုန်းပါပဲ။
ပြောင်းလဲသွားတာက နင် တစ်ယောက်မရှိတော့ပါပဲ။
ဆိုင်စားပွဲထိုးလေးက လောကွတ်စကားဆိုပါတယ် အစ်မ မပါဘူးလား အစ်ကို တဲ့။
တစ်ဖက်လူက လောကွတ်စကား လို့ဆိုပေမယ့် ငါ့အတွက်တော့ ခံစားမှု ဒီဂရီတွေက
ရင်ဘတ်ထဲကနေ စောင့်တက်လာတယ်ချစ်သူ။
ကျေးဇူးပြု၍ တစ်ယောက်တည်းနေခွင့်ပြုပါ ။ မှာထားတဲ့ကော်ဖီကို
သောက်မယ်လုပ်တော့ ကော်ဖီခွက်ထဲမှာ မင်းမျက်နှာ ပေါ်လာပြန်တယ်။
တော်ပြီကွာ ဒီတိုင်းပဲထားလိုက်တော့မယ်။
ဒါနဲ့ပဲ ပိုက်ဆံရှင်းပြီး ဆိုင်ထဲကနေထွက်လာလိုက်တယ် ။ စားပွဲထိုးကောင်လေးက နောက်ကလိုက်လာပြီး
အစ်ကို ကော်ဖီက တစ်ခွက်ဖိုးပဲလေ ဆိုပြီး ပိုနေတဲ့ငွေကို ပြန်အမ်းတယ်။
ဘာကြောင့်ငါ ကော်ဖီနှစ်ခွက်ဖိုးပေးမိတာပါလိမ့်?
ဒီလိုနဲ့လျှောက်လာရင်း ဘယ်သွားရင်ကောင်းမလဲဆိုပြီး စဉ်းစားတယ်။
စိတ်သက်သာရာ ရမယ်ထင်တဲ့နေရာသွားရင်ကောင်းမယ်
လို့စဉ်းစားပြီး ဘုရားပေါ်တက်လာလိုက်တယ်။ ပန်းရောင်းတဲ့ကောင်မလေးက
အစ်ကို ပန်းမ၀ယ်တော့ဘူးလား တဲ့ ။
ဒီနေ့အစ်မ မပါဘူးနော် တဲ့။ ဟူး သေသာသေလိုက်ချင်တော့တယ်
ဒါနဲ့ပဲ သူ့ကိုပြုံးပြပြီး ပန်းတစ်စည်းဝယ်လိုက်တယ်။
စနေထောင့်သွားပြီး မပြည့်နိုင်တော့တဲ့ ဆုကိုတောင်းလိုက်မိတယ် ။ ချစ်သောသူနဲ့ ရာသက်ပန် ရိုးမြေကျ ပေါင်းရပါစေ လို့ ။ ခါတိုင်းဆိုရင်တော့ ဘုရားရင်ပြင်ပေါ်မှာ နှစ်ယောက်တူတူ ဆုတွေတောင်းလိုက်ကြတာ နာရီဝက်လောက်ကြာပါတယ်။ ခုတော့ လိုချင်တောင့်တ တဲ့ဆုတစ်ခုကို တောင်းလိုက်ပြီး ဘုရားရင်ပြင်ပေါ်ကနေဆင်းလာလိုက်တယ်။
ခုချိန်ထိနင်ကတော့ငါ့အနားမှာ ရှိနေတုန်းပဲ ချစ်သူ။ ကျေကွဲစရာတွေ နဲ့ပြည့်နှက်နေတဲ့ငါ
ပျော်ရွှင်ကြည်နူးစရာတွေကိုဘယ်မှာ လိုက်ရှာရမလဲ ချစ်သူ ?
အခုငါဘယ်သွားရမလဲ? မထူးတော့ပါဘူး အိမ်ပဲပြန်တော့မယ်။
အရာအားလုံးမေ့ပြီးခဏလောက်အိပ်ပစ်လိုက်တယ်။ မင်းက အိပ်မက်ထဲထိရောက်လာပြန်တယ်။
မင်းကိုသတိရတိုင်းသာ ပန်းတစ်ပွင့် ပွင့်မယ်ဆိုရင် ဒီကမ္ဘာကြီးပန်းတွေနဲ့ ပြည့်နှက်နေလောက်ပြီချစ်သူ။
သတိရတိုင်းမျက်ရည်ကျရလို့ ငါ့မှာ မျက်ရည်တွေလည်းခမ်းခြောက်ကုန်ပြီ။
ရူးတယ်လို့ ဆိုချင်ဆိုတော့ ငါနင့်ကိုတစ်ရက်မှ မမေ့ဘူးချစ်သူ။ အမှတ်တရပေါင်းများစွာ အုတ်မြစ်ချပြီးမှ
ဘာကြောင့်ငါ့အနားက ထွက်သွားရတာလဲ? ရက်စက်တဲ့လောကဓံတရားကြီးက ဘာဖြစ်လို့မင်းတစ်ယောက်ကိုမှ ရွေးပြီး
ခေါ်သွားရတာလဲ? ဖြစ်ချင်တာတွေဖြစ်မလာတာကိုက ငါတို့နှစ်ယောက်ရဲ့အတိတ်ကံလား? ကမ္ဘာတစ်ဖက်မှာ နင်ရှိသလို ကမ္ဘာတစ်ဖက်မှာ ငါရှိတယ်။ စိတ်မပျက်နဲ့ ချစ်သူ တစ်နေ့နေ့ ငါတို့နှစ်ယောက် ဆုံနိုင်မှာပါ။ ရောက်နေတဲ့နေရာလေးမှာ နင်ပျော်အောင်နေပါ ။ ငါ့အတွက်လည်းနင် စိတ်မပူနဲ့ ။ တို့နှစ်ယောက်ခဏလေး ဝေးတာလို့ သဘောထားလိုက်ပါ ။
ပြန်ဆုံကြမယ့်တစ်နေ့ရောက်ရင်သာ နင်ငါ့ကို အရင်လိုချစ်ခွင့်လေးတော့ ပြန်ပေးပါ လို့ ငါတောင်းဆိုချင်တယ်။
ဒါပေမယ့်................. ပြန်တွေ့ကြတဲ့ တစ်နေ့ ......................နင်ငါ့ကို မှတ်မိပါအုန်းမလား???

p-s: သူမကျွန်တော့်ကို တစ်ကယ်နှုတ်မဆက်ခဲ့ပါဘူး။

4 Comments:

Anonymous said...

အယ်...........ကော်ဖီခွက်ထဲမှာ ဘီလိုလုပ် သူမရဲ့မက်နှာက ပေါ်လာရတာတုန်း...ဖြစ်ရလေဗျ ငိုတောင်ငိုချင်လာပြီး အဟွတ် အဟွတ် အဟုး)
ကောင်းတယ်ဗျာ ရေးထားတာလေးတွေ ကဗျာလေးလို အပိုဒ်လေးတွေခွဲ ပုံလေးနဲ့ ဆို ပိုကောင်းမယ်ထင်တယ်။
ဆြာဝင်လုပ်ကြည့်တာ ဘာမှဟုတ်ဘူးး။
ဘရားသား အိုကေမှာ စိုပြည်ပါစေ။

Unknown said...

မှတ်မိမှာပါ...။ :)

တင့်ထူးရွှေ said...

တော်သေးတာပေါ့ p:s ကယ်လို့ တကယ်နှုတ်ဆက်တယ် ထင်ရလောက်အောင် ရေးတတ်ပါပေတယ် ..

မြန်မာပြည်ကိုလွမ်းတယ် said...

ငါကကော်ဖီကြိုက်တော့၊ကော်ဖီတွေပဲမြင်
နေရတယ်ဟ။လွမ်းရတာခါးသက်သက်နဲ.ဖြစ်
နေတယ်...။

 

blogger templates | Make Money Online