အလွမ်း နဲ့အဆုံးသတ်မယ်မှန်းကြိုသိခဲ့ရင် ကျွန်တော့်ရင်ခွင်တစ်ခုလုံးကို ဘာလို့ ပုံအပ်ခဲ့မှာလဲ။ခုတော့...........
ဥသြ တွေတောင် တေးဆိုကုန်ပြီ။ လေရူးတွေလည်းတိုက်ကုန်ကြပြီ။ရင်ခွင်မှာလည်းခြစ်ခြစ်တောက်အောင်ကို ပူနေပြီ။
ကျေးဇူးပြု၍ အေးမြလတ်ဆတ်သော မေတ္တာတရားတွေ နဲ့ ငါ့ကို ကုစားပါချစ်သူ..
အချိန်တွေခဏလောက်နောက်ပြန်လှည့်ကြည့်လိုက်ပါ။မင်းထားခဲ့တဲ့နောက်ပိုင်းမှာ........
မင်းအတွက်ဆိုပြီး ပေးဆပ်ခဲ့တဲ့ ငါ့နှလုံးခုန်သံတစ်ချို့ ရေခဲမြစ်ထဲမှာ မြုပ်နေတာမင်းတွေ့လိမ့်မယ်။
အလွမ်းသီချင်းတွေ ဆိုနေတဲ့ အိပ်ပျက်ညတွေကို မင်းတွေ့လိမ့်မယ်။
ကြေမွ ပြဲစုတ်နေတဲ့ ဒိုင်ယာရီတွေ မင်းတွေ့လိမ့်မယ်။ကာရံမညီတဲ့ ကဗျာအပိုင်းအစတွေမင်းတွေ့လိမ့်မယ်။
ကြေကွဲစရာတွေပြည့်နှက်နေတဲ့ ငါ့ဘ၀အစိတ်အပိုင်းတစ်ချို့ကိုပါမင်းတွေ့လိမ့်မယ်။
တစ်ချိန်သော အခါက...........
ငါတို့နှစ်ယောက် တိမ်တွေစီးပြီး ဟိုး အဆုံးမရှိတဲ့ ခရီးကိုသွားခဲ့ဖူးတယ်။
ငါတို့နှစ်ယောက် ပင်လယ်သမုဒ္ဒရာကြီးကိုလည်းဖြတ်ဖူးတယ်။ငါတို့နှစ်ယောက် တောင်တွေဖြတ်ပြီး သီချင်းတွေလည်း
ညည်းခဲ့ဖူးတယ်။နှစ်ယောက်အတူရှိစဉ်တုန်းက အရာအားလုံးကို ရင်ဆိုင် နင့်အတွက်ငါ သူရဲကောင်းတစ်ယောက်
ဖြစ်ခဲ့ဖူးတယ်။ခုချိန်မှာတော့ ဒါတွေဟာ ပုံပြင်တစ်ပုဒ်ဖြစ်သွား ပြီလား?
အရာအားလုံးမင်းအတွက် လှပခဲ့တဲ့ ဒီအတိတ်ကို မင်းဘာကြောင့်စွန့်ခွါရတာလဲ???
`အတိတ်´ဆိုတဲ့ပန်းခင်းလေးကြောင့် `အနာဂတ်´ဆိုတဲ့ဥယျာဉ်ကြီး လှပရတာပါ။
သီးပွင့်တော့မယ့်အချိန်ရောက်မှ ဘာကြောင့်ဖျက်ဆီးပစ်လိုက်ရတာလဲ ကောင်မလေးရယ်?
အပြစ်မတင်ရက်တဲ့ငါ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့လိုက်ပါတော့မယ်။ ပျော်ပါစေချစ်သူ....
အရာရာကိုကျော်ဖြတ် ရင်ဆိုင်မယ့် နင့်အတွက်ဆိုပြီး ပေးဆပ်ခဲ့တဲ့ငါ......
ခုတော့ ဒဏ်ရာတွေ ဗလပွ နဲ့ ကျန်ရစ်ဖြစ်ခဲ့တာ သိပ်တော့လည်းမထူးဆန်းပါဘူး။
ကျန်ခဲ့တဲ့ရက်စွဲတွေ ပြန်လှန်ကြည့်ရင် နေ့တိုင်း ရက်ရာဇာ တွေပါပဲချစ်သူ။မနေ့ကအချိန်ထိပေါ့။
မနေချင်ရင်လည်းသွားပါတော့.........
အရာအားလုံးပြီးဆုံးသွားပြီဆိုတော့လည်း.............
p-s:ကျွန်တော့်ဘ၀တစ်စိတ်တစ်ဒေသပါ။
March 23, 2008
အသည်းကွဲဇာတ်လမ်းလေးတစ်ပုဒ်
Subscribe to:
Post Comments (Atom)
6 Comments:
ဟိတ်!! တော်တော်ခံစားနေရလားဟင် ??
`အတိတ်´ဆိုတဲ့ပန်းခင်းလေးကြောင့် `အနာဂတ်´ဆိုတဲ့ဥယျာဉ်ကြီး လှပရတာပါ။
ကျန်ခဲ့တဲ့ရက်စွဲတွေ ပြန်လှန်ကြည့်ရင် နေ့တိုင်း ရက်ရာဇာ တွေပါပဲချစ်သူ။မနေ့ကအချိန်ထိပေါ့။
~~ ရေရေလည်လည်မိုက်တယ်..တကယ့် အသစ်တွေပဲ~~ ဆက်လုပ်..အားပေးနေမယ် :)
စာသားကောင်းကောင်းလေးတွေ ဖတ်ရအောင် အသဲကွဲပါစေလို့ ဆုမတောင်းတော့ဘူးဗျာ။
ဖတ်ရတာကောင်းတယ်ဗျ။ စိတ်တော့ မကောင်းဘူး။
အဟမ်းး....ဂယ် ယုံရမှာလားဝေး...
မယုံဘူး ယုံစေချင်၇င် ဖုန်းကဒ်တစ်ကဒ်ဝယ်ထည့်ပေး။
ဟားဟား ရေးထားတာကတော့ သနားစရာပါလားနော် ငိုချလိုက် ငိုချလိုက် အစ်ကို့ တုန်းကလည်း ဂလိုပဲ ပြီးတော့လဲပြိးသွားတာပါပဲ။
nice worlds.......
have a nice heartbroken .:P
ahee. jk!
သယ်ရင်း..ချစ်တိုင်းညားပါစေ။အသဲကွဲစာလေး
တွေဖတ်ရတာစိတ်မကောင်းပါဘူး။
Post a Comment