March 12, 2008

ကျွန်တော်နဲ့ကောင်မလေး (၂)



သူမနဲ့ကျွန်တော်အပြင်မှာတစ်ခါမှမတွေ့ဖူးပါဘူး။ဆိုလိုတာက သူမနဲ့ကျွန်တော့်ကိုသူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးတာပါ။အဲလိုမိတ်ဆက်ပေးတာကလည်း အခုခေတ်ရဲ့မရှိမဖြစ် အင်တာနက်အွန်လိုင်းပေါ်မှာ။အဲဒီ တော့ သူမကိုကျွန်တော် အပြင်မှာမမြင်ဖူးပါဘူး။ သူမရဲ့ PHOTO ကိုတော့သူမ ပြလို့မြင်ဖူးသလို ကျွန်တော့် PHOTO ကိုလည်းသူမ မြင်ဖူးပါတယ်။ ကျွန်တော်တို့နှစ်ယောက် အပြန်အလှန်စကားတွေပြောရင်း တော်တော် လေးကိုနားလည်မှုတွေ ရှိခဲ့ကြပါတယ်။သူမနဲ့ကျွန်တော်က တော့မိုင်ပေါင်းထောင်ချီပြီးဝေးပါတယ်။ကျွန်တော် နေတဲ့ နေရာလေးက Goodnight လုပ်တဲ့အခါ သူမဖက်တော့ Goodmorning ပေါ့။ဒါပေမယ့်သူမနဲ့ကျွန်တော် က ဟိုးအရင်တုန်းက မြို့လေးတစ်မြို့မှာ အတူတူ နေခဲ့ကြတဲ့သူတွေပါ။အဲဒီတုန်းကမသိခဲ့ကြပဲ တစ်ယောက် တစ်နေရာဆီ နေကြတဲ့ခုခါကျမှ သူမ နဲ့ ကျွန်တော်သိခွင့်ရတဲ့ အဖြစ်လေးကိုကျွန်တော်နည်းနည်းလေးတော့ အံ့သြမိပါတယ်။
သူမနဲ့ကျွန်တော် လူမျိုးချင်းတူပေမယ့် ကိုးကွယ်တဲ့ဘာသားတရားချင်းမတူပါဘူး။ အဲဒီအရာက ကျွန်တော်တို့ နှစ်ယောက်ကြားမှာတော့ ကြီးမားတဲ့ တံတိုင်းကြီး တစ်ခု ဖြစ်ခဲ့လိမ့်မယ်ဆိုတာ ကျွန်တော် စောစောကတည်းက သိခဲ့ပေမယ့်သိသိကြီးနဲ့ ပဲ ရှေ့ဆက်တိုးခဲ့ပါတယ်။ သူမနဲ့ကျွန်တော်ချစ်သူတွေဖြစ်ခဲ့ကြ ပါတယ်။
သူမက ကျွန်တော့်ကို အစွမ်းကုန်နားလည်ပေးပါတယ်။အဝေးကြီးမှာနေပြီး တစ်အိမ်ထဲမှာအတူနေတဲ့ လူတစ်ယောက်လို ကျွန်တော့်ကို ဂရုတစိုက်ရှိခဲ့ပါတယ်။ သူမနဲ့ကျွန်တော် ချစ်သူတွေဖြစ်ပြီး တစ်လလောက်မှာ ကျွန်တော် နဲ့သူမ ဘာသာအယူဝါဒတွေအကြောင်းဆွေးနွေးဖြစ်ခဲ့တယ်။သူမ နဲ့ ကျွန်တော် ဘယ်လိုမှ ညှိလို့ မရပါဘူး။ ဘာသာမတူရင်မချစ်ရဘူးလို့တော့ပညတ်ချက်တွေ မရှိပေမယ့် ဘ၀တစ်ခုတည်ဆောက်ဖို့အတွက် တော့ ကျွန်တော်စဉ်းစားရပါပြီ။

ဒါဆိုကျွန်တော်ဘယ်လို ဆက်လုပ်ရမလဲ ။
သူမ နဲ့ကျွန်တော့်အတွက်အကောင်း ဆုံးအဖြေက လမ်းခွဲဖို့ ကလွဲပြီး ဘာရှိတော့မှာလဲ???

တစ်နေ့ကျွန်တော်နဲ့သူမ စကားပြောတော့ ကျွန်တော် က လမ်းခွဲဖို့အကြောင်းကိုစပြောတယ်။ သူမ က ဘာဖြစ်လို့လဲ လို့ မေးတယ်။ ကျွန်တော်သူမကိုမရှင်းပြနိုင်ခဲ့ ပါဘူး။

မေ့လိုက်ဖို့အကြောင်းကိုပဲ နှုတ်က အကြိမ်ကြိမ် ပြောနေခဲ့တယ်။
သူမကတော့လမ်းခွဲရခြင်းရဲ့အကြောင်းပြချက်ကို တတွတ်တွတ်မေးတယ်။

ကျွန်တော်သူမ ကိုတစ်ကယ်ချစ်ခဲ့ တယ်ဆိုတာ သူမ သိသလို သူမရဲ့အချစ်ကိုလည်းကျွန်တော် နားလည်ခဲ့ပါတယ်။ ဒါပေမယ့် သူမ နဲ့ ကျွန်တော် ရှေ့ဆက်ဖို့က သူမဖက်ကလျှော့ပေးမှာမဟုတ်သလို ကျွန်တော့်ဖက်ကရော???
ခုလောက်ဆိုရင် သူမနဲ့ကျွန်တော် ဘာကြောင့်လမ်းခွဲ ခဲ့ကြတယ်ဆိုတာ သူမ သိလောက်ရောပေါ့.............။

1 Comment:

Unknown said...

နှစ်ယောက်စလုံး ဘယ်ဘာသာမှ မကိုးကွယ်နဲ့..။ ဒါမှမဟုတ် နှစ်ယောက်စလုံး နှစ်ဘာသာစလုံးကို ကိုးကွယ်...။ ဘယ်ဘာသာ တစ်ရားပဲ ဖြစ်ဖြစ် မကောင်း တာလုပ်ဖို့ အားပေးတိုက်တွန်းတယ်ဆိုတာ မရှိပါဘူး..။ ဘယ်ဘာသာကိုမှ မကိုးကွယ်လို့လဲဘာမှ မဖြစ်ပါဘူး..။ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် လူသားကောင်း တစ်ယောက် ပီသစွာနေနိုင်ဖို့ကပဲ အဓိကကျတာပါ..။ မယုံမရှိပါနဲ့..ကျွန်တော်ကိုယ်တိုင် ဒီလိုဖြစ်ရပ်မျိုးကို ကြုံတွေ့ခဲ့ရဖူးတယ်..။ ကျွန်တော်သာ သာမန်လူ တစ်ယောက် အဖြစ်ရှင်သန်ခွင့် ရခဲ့မယ်ဆိုရင် ကျွန်တော်တို့ နှစ်ယောက် အခုလောက်ဆို ကိုယ်ပိုင် ကမ္ဘာတစ်ခုကို ပိုင်ဆိုင်ခဲ့တာ ကြာပါပြီ....။

 

blogger templates | Make Money Online