March 11, 2008

ငါ.......!

စိတ်ကူးနဲ့ဘ၀ ပေါင်းစပ်ကြည့်တော့ ဘ၀က စောက်ထိုးကြီးဖြစ်နေတယ်..အခြေမခိုင်တဲ့စိတ်ဓါတ်တွေက
လေနှင်ရာ လွင့်ချင်ပေမယ့် ဘယ်ကိုရောက်မယ်ဆိုတာကိုတော့ ကြိုသိချင်တယ်.ကံကြမ္မာရဲ့ထိုးနှက်ချက်က
ဘုန်းကနဲ ဖင်ထိုင်လဲကျလောက်အောင်ပြင်းထန်လွန်းတော့ နလန်ထူဖို့ဆိုတာ မနက်ဖြန်လား ဒါမှမဟုတ်
သန်ဘက်ခါလား..... ဘ၀ကခါးတော့ အိပ်မက်တွေက မှုန်ဝါးဝါးပါပဲ ....တစ်ချိန်မှာအမြင့်ကိုရောက်ဖို့
အောက်ကနေနေပေးရတဲ့ဘ၀က ချောတိုင်တက်နေရသလိုပါပဲ..သူတစ်လှည့် ကိုယ်တစ်လှည့်လေ..... ဘဝ
ကိုလက်ပစ်ကူးကြည့်တော့ စုတ်ပြတ်သတ်နေတဲ့ လှိုင်းလုံးတွေကြားမှာ အတွေးအခေါ် တွေဖူးပွင့်လာတယ်...
တစ်ယောက်တည်းနေလို့မရတဲ့ဘ၀မှာ ဖေးမပေးမယ့်သူ ကိုပဲအဖော်လုပ်ချင်တယ် အပြန်အလှန်နားမှု ကိုငါ
လိုချင်တာ....သိုးယောင်ဆောင်ထားတဲ့မျက်နှာဖုံးတွေအောက်က အတ္တအစစ်အမှန် တွေကိုဘယ်သူ
တစ်ယောက်မှ မမြင်ပါဘူး... ကိုယ့်ကိုယ်ကိုတောင်မှ ၀ါးတားတား ..ဘာမှမပါပဲငါဒီနေရာကိုရောက်ခဲ့ပေမယ့်
ငါပြန်သွားရင်တော့ ငါ့နာမည်ကိုဒီနေရာမှာထားခဲ့ချင်တယ်....မျက်ရည်တွေခမ်းချောက်နေတဲ့ဒီကမ္ဘာမြေကြီး
ပေါ်မှာ မေတ္တာမိုးရေတွေရွာသွန်းပေးချင်တာ ငါ့ဆန္ဒအစစ်အမှန်ပါ...ဆေးရောင်စုံတွေစုံလင်တဲ့လူသားတွေ
ကြားမှာ ငါတစ်ကယ်တပ်မက်တာ က အဖြူရောင်စစ်စစ်....ခါးသီးတဲ့ဝေဒနာတွေကို ကုစားပေးဖို့အချိန်ဆိုတဲ့
သမားတော်က အကောင်းဆုံးပါပဲ.... အနာကျက်မြန်အောင်တော့ မျှော်လင့်ခြင်း တွေကိုစားသုံးရလိမ့်မယ် ..
အပြိုင်အဆိုင် အတိုက်အခိုက်တွေသိပ်များတဲ့ လောကဘောင်ကြီးထဲမှာ တစ်ကြိမ်တစ်ခါမှ မကျရှုံးချင်တာက
တော့ ငါ့အတ္တ ပဲ.............
အရင်က multiply မှာရေးထားတာပါ .....

1 Comment:

Unknown said...

ဘ၀တွေခါးတော့ အိပ်မက်တွေကမှုန်ဝါးဝါးပဲ...။
အနာကျက်မြန်အောင်တော့ မျော်လင့်ချက်တွေ စားသုံးပေးရမယ်..။
ကြိုက်တယ်ဗျာ..စကားလုံးတွေ အားရှိတယ်..။
ရီစရာတစ်ခုတော့ ပြောရအုံးမယ် ကျွန်တော့် မျက်လုံးတွေလဲ ခပ်ဝါးဝါးပဲဗျ... :)။

 

blogger templates | Make Money Online