May 19, 2008

အမောင့် အလွမ်း


သတိရတယ်ခင်ရယ်။ ပူဆွေးသောကရောက်နေတဲ့ မောင့်ရင်ဘတ်ထဲကို ခင်လည်းမြင်တတ်မှာပါ။အခုဆိုရင် ခင်တစ်ယောက် ကျန်းမာပါရဲ့လား၊ နေရထိုင်ရအဆင်ပြေရဲ့လား၊ မောင်တို့နှစ်ယောက်အကြောင်းကို စဉ်းစားမိပြီး ခင်တစ်ယောက်တည်း ၀မ်းနည်းပူဆွေးပြီး သောကရောက်နေမလား၊အစစအရာရာ အဆင်ပြေရဲ့လားဆိုတဲ့ လားပေါင်းများစွာနဲ့ခင့်ကိုမောင်စိတ်ပူတယ်ခင်။ အတူနေစဉ်က ပြောခဲ့တဲ့ ခင့်ဘ၀မှာမောင်သာလျှင်သခင်ပါ ဆိုတဲ့ခင့်စကားသံလေးကို အခုချိန်မှာ ပြန်လည်ကြားယောင်မိတိုင်း အတိုင်းမသိခံစားရတယ် ခင်။အခြေမလှတဲ့မောင့်ဘ၀အခြေအနေကြောင့် ခင်နဲ့မောင်ခုလိုခဏခွဲကြရတယ်နော်။ အားငယ်ပြီးစိတ်ပျက်မနေပါနဲ့ခင်။ အခုလို ဝေးနေရတဲ့အချိန်မှာ သတိရ တမ်းတမှုတွေကို အားအင်အဖြစ်ပြောင်းလဲပြီးမောင်တစ်ယောက်အစွမ်းကုန်ကြိုးစားနေပါတယ်။

အရာအားလုံးအဆင်ပြေသွားတဲ့တစ်နေ့ မောင်ခင့်ဆီကိုပြန်လာမှာပါ။ ဖြစ်ချင်တာတွေ မဖြစ်တာကိုက ဘ၀ပဲလေ။လောကကြီးထဲ ကလူသားတစ်ဦးအနေနဲ့ ပေးလာမယ့်လောကကြီးရဲ့ အလွမ်းအဆွေးတွေကိုလည်း ခံနိုင်ရည်ရှိရမှာပေါ့။မောင်တို့နှစ်ယောက်ရဲ့ အနာဂတ် လေးလှဖို့အတွက် အခုလက်ရှိအချိန်တွေကိုပေးဆပ်ထားရတယ်လို့ပဲ သဘောထားလိုက်ပါ။ စိတ်ပျက်အားငယ်နေတဲ့အခါ နှစ်ယောက် အတူရှိစဉ်က ပျော်ရွှင်ကြည်နူးခဲ့တာတွေကို မျက်စိထဲမြင်ယောင်ပြီး ဖြေသိမ့်လိုက်ပါခင်။ပေးခဲ့တဲ့ကြင်နာယုယမှုတွေက အခုချိန်မှာ အကောင်းဆုံးသော ဖြေသိမ့် စရာပါပဲ။မောင်ပြောတာတွေကိုခင်တစ်ယောက် နားလည်သဘောပေါက်လိမ့်မယ်လို့ မောင်ယုံကြည် ပါတယ်။

ဘယ်သူမှ ချစ်တဲ့သူနဲ့ခွဲပြီးအဝေးကြီးမှာ မနေချင်ပါဘူးခင်။ဒါပေမယ့်ကံဇာတ်ဆရာက ဒီအချိန်မှာဒီအခန်းကိုတင်ဆက်ကပြ ခိုင်းနေပြီ လေ။လွန်ဆန်လို့လည်းမရတော့အရာအားလုံး ဇာတ်ဆရာရဲ့အလိုကျပဲပေါ့။ဘာဖြစ်ဖြစ်စိတ်ပျက် အားငယ်မနေပါနဲ့ခင်။ဇာတ်သိမ်းခန်း ရောက်ရင်တော့ မောင်နဲ့ခင် ပြန်ဆုံကြမှာပါ။အဲဒီအခါကျရင်တော့ ခင်နဲ့မောင်တို့ရဲ့ဘ၀လေးကရင်ခုန်သံတွေတနင့်တပိုးနဲ့ သာယာစိုပြည်နေမှာပါ။ မရောက်သေးတဲ့ အနာဂတ်လေးကို တွေးပြီးကြည်နူးကြည့်လိုက်စမ်းပါခင်။ ဘယ်လောက်များပျော်စရာ ကောင်းလိုက်မလဲလို့လေ။

အခုတော့မောင်တစ်ယောက် ခင်နဲ့ အဝေးကြီးမှာနေပြီး အနာဂတ်လေးလှဖို့ ကြိုးစားနေပါတယ်ခင်။ မောင်သတိရသလိုခင်လည်း သတိရနေမယ်ဆိုတာ မောင်ယုံကြည်တယ်။ သတိရတဲ့အခါမောင်ပြောတာကိုတွေကိုပြန်လည်ကြားယောင်ပြီး ဖြေသိမ့်လိုက်ပါ။ ဘယ်လောက် ဝေးဝေး သစ္စာမပျက်ကြေးနော်။ ပေးခဲ့တဲ့ဂတိတွေနဲ့ ထားခဲ့တဲ့မေတ္တာတရားတွေက အိပ်မက်မဟုတ်ခဲ့သလို ပုံပြင်တွေ လည်းမဟုတ်ခဲ့ဘူးဆိုတာ ခင်နားလည်ရင် အဝေးတစ်နေရာက မောင်တစ်ယောက် ခင့်ကိုလွမ်းရကျိုးနပ်ပါတယ်ခင်။

p:s- ကျွန်တော်နဲ့ခွဲပြီး အဝေးကြီးမှာ ရှိနေတဲ့ကြင်နာသူအတွက် ကျွန်တော့်ရဲ့ အလွမ်းတစ်ချို့ပါ။ ချစ်သူနဲ့ခွဲပြီး အဝေးတစ်နေရာတွေဆီ မှာ ရှိနေတဲ့သူတွေ အားလုံး လွမ်းတတ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

15 Comments:

Anonymous said...

မောင်ရယ်...အဟင့်
မောင် လွမ်းသလို ခင်လည်း လွမ်းတာပေါ့
ညည အိပ်မပျော်လို့  သကြားရေစင် သောက်ပြီး အိပ်ရယ် စားလို့ လည်းမရ ( တစ်ခါစား ၅ ပန်ကန် )
လွမ်းတယ် ဆိုပြီးဘီယာကြီးပဲ သောက်မနေနဲ့ အုံးး ။ ဟိုဟိုဒီဒီတွေလည်း မသွားနဲ့း) သတင်းကြားလို့ ကတော့ လည်ပင်းကို လာညှစ်မယ် ဘာမှတ်နေလဲ ။

တော်ပြီးး ပို့စ်ဖတ်ပြီး သနားသွားလို့  ရယ်ရမလားဆိုပီး ရေးလိုက်တာ သိပ်လွမ်းမနေပါနဲ့  မကြာတော့တဲ့ တစ်နေ့  အဆင်ပြေကြမှာပါ ဆုတောင်းပေးသွားပါတယ်ဗျာ ။

စိုးထက် - Soe Htet ! said...

ကျွနုပ်လည်း လွမ်းပါ၏ ... သမီးပါရှိ၍ ပိုနိုင်ပါ၏ ... ကြော်ငြာ ... :P

Unknown said...

သွားလူဆိုး...... ဘယ်ကောင်မလေးနဲ့
မှားပြီးပြောနေတာလဲ......
ဟား...ဟား......ဟား...... မုန်တိုင်းရေ...
ချူလှချေလား မျက်ရေတွေ.....D;
မင့်ကောင်မလေးတော့ သိဘူး
ငါတောင် ကြွေချင်လာပြီ။

အောင်မျိုးဟန် said...

ပြောပြလိုက်ပေါ့ ရသ လိုလေ တစ်ခါလောက်လွမ်းတိုင်းသာ တစ်ကျပ်ရရင် မြန်မာပြည်နယ်နိမိတ်ကို အုတ်တံတိုင်းတောင်ခပ်ပြချင် လို့လေ။ လွမ်းတာကိုတော့ ကိုယ်ချင်းစာတယ်ဗျာ။ တော်တော်ဆိုးတာကလား
အခုလို မိုးအေးအေး လေးနဲ့ ဆို ပိုလွမ်းတယ်ဗျာ။
ခင်ဗျား အမျိုးသမီး ကတော့ မိုးအေးအေးနဲ့ ခင်ဗျားနဲ့ အရင်ကနွေးထွေးခဲ့ ဘူးတာကို လွမ်းပြီး နေလောက်မှာဗျ။
မြန်မြန် ပြန်ဆုံနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်ဗျာ။

ein said...

အမောင့်အလွမ်း
( ခ)ကိုနွေမုန်တိုင်းကြီးရဲ့အလွမ်း...း)
P:S ကို ထောက်ခံပါတယ်ဗျို့....။

Unknown said...

ဘယ်လိုပြောလိုက်ပါလိမ့်...။ အနော်တို့လည်းလွမ်း တတ်တာပေါ့...။ အဟမ်း..အဟမ်း..အနော်တို့လို လူ.. ဟဲ..ဟဲ ပြောတော့ပါဘူး...။ မိုက်တယ်ဗျာ...အစ်ကို့ချစ်ချစ်သာဖတ်လိုက်လို့ကတော့ အရင်က မလွမ်းခဲ့ရင်တောင် (ဟီး..ဟီး) ဒီစာကိုဖတ်ပြီးတာနဲ့ သေချာပေါက် သတိရသွားမှာသေချာတယ်...။ ကျွန်တော်လည်းပဲ တစ်စုံတစ်ယောက်ကို တမ်းတမ်းတ တနဲ့ လွမ်းကြည့်ချင်ပါသေးတယ်ဗျာ....။

May Moe said...

မောင် နဲ့ ခင် အလွမ်း တွေနဲ့ အမြန်ဆုံးဝေးပါစေ

ဟို ကြော်ငြာ ဝင်သွားတဲ့ ဦးစိုးထက် ကြီ: ရော ပေါ့

လင်းထက် said...

အလွမ်းချင်းတူရင် အီဖေစကို တို့အရှုံးပေးလိုက်မယ် ဟဲ ဟဲ အပြိုင်အဆိုင်ရှိမှ တိုးတက်တယ်ဆိုလို့ပြိုင်ကြည့်တာ့.....။
နောက်တာပါညီရာ အလွမ်းဆိုတာကတော့ ကိုယ်စီရှိကြစမြဲမဟုတ်လား..။
အတူတူနေရတဲ့ မေမိုး တို့လိုလူတွေကလွဲရင်ပေါ့ ဟီးဟီး မနာလိုလို့ပြောလိုက်တာ..။

ကြယ်စင်နတ်သမီး said...

ချစ်စခင်စလေးတွေဆိုတော့ ခွဲခွာသွားရတော့ လွမ်းစရာလေးတွေနဲ့ ကြုံရပြီပေါ့... မမမောင်လေးတစ်ယောက် အလွမ်းတွေ မြန်မြန်ကုန်ဆုံးပါစေ... မြန်မြန်ညီမလေးနဲ့ ပြန်ဆုံနိုင်ပါစေ...

Han Thit Nyeim said...

ကျုပ်ကတော့ လွမ်းစရာမထားဘူးဗျ။ မျက်ရည်တွေ ခန်းကုန်မှာကြောက်လို့...။

မေမိုးမခ said...

လွမ်းစရာကြီး အချစ်မရှိသေးတဲ့လူတွေကို မျှဝေပေးပါဦး။
လွမ်းလိုက်တာ အင်း "ဘာကိုလွမ်းရမှန်မသိဘူး သူများလွမ်းသလိုလွမ်းလိုက်တာပဲ" ဟိဟိ
အကိုနဲ့ အမကြီးတို့ဘ၀ တွေ မြန်မြန်ပြန်ဆုံပြီ
အမြဲတမ်း ပန်းနှင့်လိပ်ပြာလိုမျိုး မခွဲမခွား နေနိုင်ပါစေ။

Anonymous said...

သြော်သြော်... အမောင် နွေမုန်တိုင်း သင်သည် ရေးထားသည့်အတိုင်း အလွမ်းတွေကို အားအင်အဖြစ်ပြောင်းမယ်ဆိုပြီး တစ်ညထဲ ထမင်းနှစ်နှပ်စားသည်ကို ဘလော့ဂါမောင်နှစ်မများ မသိဘူးမှတ်နေပြီလော.... အဟီး.. စတာနော်
လွမ်းတတ်ပါသကောဗျာ... လွမ်းလွန်းလို့ လွမ်းရတာတောင် လွမ်းနေပြီ....

ညမီးအိမ် said...

ကိုဘလက်ဒရင်းပြောသလိုပဲ ကျွန်တော်လည်းပဲ တစ်စုံတစ်ယောက်ကို တမ်းတမ်းတ တနဲ့ လွမ်းကြည့်ချင်ပါသေးတယ်ဗျာ....။ လောလောဆယ်လွမ်းစရာလူရှိသေးဘူး။ :)

မင်းကျန်စစ်။ said...

ကိုနွေမုန်းတိုင်းကြီး အသကုန်လွမ်းနေရပြီပေါ့လေ။ ဟတ်ဟတ် မြင်ယောင်မိသေး။ ဘယ်လိုများ ဖြစ်နေလိမ့်မလဲလို့။ လွမ်းပြေမယ့်လည်း ပျော်အောင်နေဗျာ။ မောင်တော့ ကောင်မလေး တစ်ယောက်နဲ့ တွဲနေပြီဆိုတဲ့ စကားကိုတော့ ခင့်ကို မကြားရစေနဲ့အုံးနော် :P

မော်စီ said...

ဟာဗျာ ကိုနွေမုန်တိုင်း ကျနော့်အတွက်လည်းချန်ထားပါအုံးဗျာ အကုန်လုံးလွမ်းလိုက်တယ် ကျနော့်အတွက်တောင် မကျန်တော့ဘူး ဟဲဟဲ အပျော်ပါ . . .
တစ်ကယ်ကောင်းတယ်ဗျာ ကျနော်တောင်ဖတ်ရင်းနဲ့ လွမ်းလာတယ် အရင်တုန်းက ကျနော်လည်း လွမ်းဖူးပါတယ် ဒါပေမယ့် အကို့ကိုတော့ မမှီဘူးပေါ့ဗျာ။
အင်း အခုတော့ ကိုဟန်သစ်ငြိမ် ပြောသလိုပဲ လွမ်းစရာတွေမထားတော့ဘူး မျက်ရည်တွေကုန်ခမ်းသွားမှာ ကြောက်လို့ . . .

 

blogger templates | Make Money Online