May 25, 2008

ပြတ်တောက်သွားတဲ့ကြိုးတစ်ချောင်း


ဘာတဲ့...?
တစ်သက်တာ ထာဝရ
ဘ၀ကို အတူတစ်ကွနဲ့
ဖြတ်သန်းချင်တယ်တဲ့...
အမုန်းမပွားပဲ အပြုံးများနဲ့
ဒီကမ္ဘာမြေ သာယာစေတဲ့.....။

ပြောဖူးခဲ့တဲ့ စကား
နားထဲမှာ ပြန်ကြားယောင်တော့
ခံရတာ အောင့်သက်သက်
ကြေကွဲကာ နေရခက်ခက်...။

တော်ပြီချစ်သူ...
မကြင်နာလို့ ရှောင်ထွက်ပြေးတာကို
ဝေဒနာလို့ ငါမကြေငြာတော့ပါဘူး
အရှုံးအမြတ်အတွက် မဟုတ်ဘဲ
အဆုံးတစ်သက် ရည်ရွယ်ခဲ့သတဲ့..
ကြားယောင်မိတဲ့ စကားတွေက
နားယောင်မိခဲ့တာတွေလေ...။

သေချာတာတစ်ခုကတော့
ငါ့ဘ၀က အရှုံးသမားပဲ..
နေသာသလို နေပါလို့
ကြွေကာသာ ငိုချပစ်လိုက်ချင်တယ်
ငါ့ရင်ဘတ်ထဲ အလွမ်းတွေ အပြည့်....။

p:s- တိုက်ဆိုင်မှုရှိတဲ့သူများ ခွင့်လွှတ်ကြပါ :P ။

12 Comments:

မေမိုးမခ said...

ကဗျာဖတ်ပြီးတော့ ရင်ဘတ်ထဲ မျှားတစ်ချောင်း စိုက်ဝင်သွားသလို ခံစားရတယ်
အဲဒီကြိုးကို ဂဟေပြန်သွားဆော်လိုက် နောက်တစ်ခေါက်ထပ်မပြတ်အောင်လို့

Anonymous said...

ကြိုက်တယ်အကိုရေ....ဟီးဟီး

Anonymous said...

အာာာာာာာာ ... နဲနဲနောက်ကျသွားပြီ ဆိုးပါ့ကွာ အဟီး.. တိုက်ဆိုင်တယ်ဆို ခွင့်လွတ်ပါတယ်..။ တော်ပြီချစ်သူ...
မကြင်နာလို့ ရှောင်ထွက်ပြေးတာကို
ဝေဒနာလို့ ငါမကြေငြာတော့ပါဘူး။ ကျုပ်လည်းမကြေငြာတော့ပါဘူး။

NatShinNaung said...

ကာရံလေးတွေနဲ့ ကောင်းတဲ့ ပဲကွဲ ကဗျာတစ်ပုဒ်ပါပဲ။ :D

လင်းထက် said...

နောက်ကို နားမထောင်နဲ့နော် နားပိတ်ထား:D

ein said...

ဘာမှဟုတ်ဘူးတဲ့...:P
နောက်ဆို နားထောင်နဲ့တဲ့နော် အကိုလင်းထက်ကြီးကပြောတာပါ...း)
တိုက်ဆိုင်ဘူးဗျာ တိုက်ဆိုင်ဘူး အဲတော့ ခွင့်လွှတ်စရာလည်းအလိုတော့ဘူးပေါ့ဗျာ ဟုတ်တယ်ဟုတ်...။

မော်စီ said...

ဟာဗျာကိုနွေမုန်တိုင်း ကျနော့်ကိုပြောနေသလိုပဲနော်
ဟဲဟဲ အပျော်ပါ အဲလိုသာ တိုက်ဆိုင်မှုရှိခဲ့ရင် ခွင့်လွှတ်နိုင်ပါတယ်ဗျာ

Anonymous said...

ဝိုးး...လုပ်လှကြီလားးး လန်ထွက်နေတယ် ကောင်းချင်ဗျာ တကယ် တကယ် ထင်တောင်မထင်ရဘူးးး
တော်ပြီချစ်သူ...
မကြင်နာလို့ ရှောင်ထွက်ပြေးတာကို
ဝေဒနာလို့ ငါမကြေငြာတော့ပါဘူး ပေတရာလို့ ပဲပြောပြီး ဆယ်ဘီး ကားသာ တက်မောင်းလိုက်ပါတော့ကွား)

Black Dream said...

အင်း အချစ်အကြောင်းကို ပိုသိတဲ့ သမ္ဘာမှန်းသိသာလိုက်တာ ကြည့်စမ်းရေးထားတဲ့ ကဗျာက လန်ထွက် ပျံတက် လျှံကျနေတယ်..။ ဒါကြောင့်လဲ ကြွေတဲ့သူက ဘ၀တစ်ခုလုံးစာ ကြွေသွားတာ ဖြစ်မယ်...။ နောက်မှ ပညာတွေလာသင်အုံးမယ်...။ ကဗျာရေးနည်းပြောတာပါ :P

ကဗျာမိုက်တယ်...။ :)

အောင်မျိုးဟန် said...

အာဗျာ ကွဲတဲ့ အကြောင်းတွေ မဖတ်ချင်ပါဘူးဗျာ။ ခုမှ မင်္ဂလာယူနေတုန်းကို ။ မဖတ်ချင်ဘူးဆိုမှ အစအဆုံးဖတ်မိသွားတော့ ရင်မှာ ဆို့နေရော ကဲ ဘယ်လိုလုပ်မလဲ ကို မုန်တိုင်း

သေချာတာတစ်ခုကတော့
ငါ့ဘ၀က အရှုံးသမားပဲ..
နေသာသလို နေပါလို့
ကြွေကာသာ ငိုချပစ်လိုက်ချင်တယ်
ငါ့ရင်ဘတ်ထဲ အလွမ်းတွေ အပြည့်....။

အဲလိုပဲ နေရတော့မှာလား.........

Anonymous said...

ဟိုကောင်လေး.... နွေမုန်တိုင်း
မိန်းမ ဘယ်နားမှာ ဖွက်ပြီး
လွမ်းပြနေတာတုန်းဟ.....
ဗိုက်ကြောပြတ်ချင်ပြီထင်တယ်။ D;
နောက်တာ... ဖတ်လို့ကောင်းတယ်ဟ။

ကြယ်စင်နတ်သမီး said...

ဟိုကောင်လေး ဘာအလွမ်းကဗျာတွေ အဆွေးကဗျာတွေလုပ်နေတာလဲ တိုင်ပြောလိုက်ရ... ဟိ ဟိ... ကဗျာလေးက ကောင်းတယ်မောင်လေးရေ... အဆွေးဒတ်ခံရှိတဲ့သူတွေကတော့ ဆွေးပြီဆရာပဲ...း)

 

blogger templates | Make Money Online