May 22, 2008

သရဲနီတို့အောင်ပွဲ


သဲတစ်ထိတ်ထိတ်ရင်တစ်ဖိုဖိုနဲ့ ချန်ပီယံလိဂ်ကြီးကတော့ပြီးဆုံးသွားပါပြီ။ဆုဖလားကြီးကို သိမ်းပိုက်သွားတာကတော့ အားလုံးသိကြတဲ့ အတိုင်းကျွန်တော်တို့ရဲ့သရဲနီတွေပဲ ဖြစ်ပါတယ်။ဒီအနိုင်ကိုလဲ ပင်နယ်တီနဲ့သဲထိတ်ရင်ဖို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ သရဲနီတွေအတွက် အဖွင့်ဂိုးကိုသွင်းပေးခဲ့တဲ့ စီရော်နယ်ဒိုလေးဟာ ပင်နယ်တီလွဲခဲ့ ပေမယ့် ဟန်ချက်ပျက်ချော်လဲပြီး ဘေးထွက်အောင်ကန်သွားတဲ့ ချဲလ်ဆီး ကပ်ပတိန် ဂျွန်တယ်ရီကြောင့် ဖြေသာစရာဖြစ်ခဲ့ပါတယ်။ အဲ နောက်ဆုံးမှာတော့ အနယ်ကာဆိုတဲ့ ချဲလ်ဆီးတိုက်စစ်မှုးဟာ ချန်ပီယံဆုဖလားကြီးကို ဗန်ဒါးဆားရဲ့လက်ထဲထိုးထည့်ပေးလိုက်တာကြောင့် သရဲနီတို့အောင်ပွဲရလိုက်ခြင်းဖြစ်ပါတယ်။ ဒါကတော့ပွဲစဉ် အကျဉ်းချုပ်ဖြစ်ပါတယ်။ဂိုးရရှိပုံလေးကို နည်းနည်းလေးချဲ့ပြီးပြောရမယ် ဆိုရင်တော့............

ပထမပိုင်း ၂၆ မိနစ်မှာကျွန်တော်တို့ရဲ့အချစ်တော် မော်ဒယ်လေးတွေရဲ့အသည်းစွဲ ဘောလုံးကိုအင်မတန်မှ အလှအပတွေနဲ့ ကျွမ်းကျင်စွာကစားတတ်တဲ့ ( ညွှန်းတာ ညွှန်းတာ..) ရော်နယ်ဒိုလေးက တစ်ဖက်အသင်းရဲ့ခေါင်းပေါင်းနဲ့ဂိုးဖမ်းတဲ့အဖိုးကြီးရဲ့(အင်မတန်ထူးဆန်းတဲ့ ဂိုးသမားပါ :P) ညာဖက်ထောင့်ကို ခေါင်းတိုက်ပြီး လှလှပပ သွင်းယူသွားခဲ့ပါတယ်။အဲလို ခေါင်းတိုက်ဘောလေးကို ညာဖက်ထောင့်ကနေ ချစ်စရာကလေးမျက်နှာနဲ့နှာခေါင်းသွေးထွက်တာတောင် အလျှော့မပေးပဲ ပွဲပြီးခါနီးမှ ထွက်သွားတဲ့ပေါစခိုးလ်နဲ့အပေးအယူလုပ်၊ ၀မ်းတူး ရိုက်ပြီးတင်ပေးလိုက်တာကတော့ညိုချောလေး ဘရောင်းပဲဖြစ်ပါတယ်ခင်ဗျာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲအဲဒီ နှစ်ဆယ့်ခြောက်မိနစ်ဟာ လက်ရှိကျွန်တော့်အသက်ဖြစ်ပါတယ် (ကြော်ငြာ)။ အဲလိုနဲ့အပြန်အလှန်ကစားကြရင်း တစ်ဖက်အသင်းရဲ့ အက်ဆီယန်ဆိုတဲ့ ဘောလုံးတွေ့တာနဲ့ဘာမှမကြည့်ပဲရမ်းကန်တတ်တဲ့ နီဂရိုးသားက ကျွန်တော်ပြောသလိုပဲ ဘာမှမကြည့်ပဲရမ်းကန် လိုက်တဲ့ဘောလုံးဟာ သရဲနီတွေရဲ့နောက်တန်းနဲ့ထိ၊ ဘောလုံးလမ်းကြောင်းပြောင်းပြီး တစ်နေ့ကမှ နိုက်ကလပ်မှာ ရန်ဖြစ်လို့ ရဲက ဖမ်းချုပ်ထားပြီး ချန်ပီယံဘောလုံးပွဲအတွက် အာမခံနဲ့ခဏထွက်လာတဲ့(နှိမ်တာ..နှိမ်တာ)ဖွတ်လမ်းပတ်..အဲမှားလို့ဖရန့်လမ်းပတ် ဆိုတဲ့ ငမိုက်သားရဲ့ခြေထောက်ထဲကိုရောက်ပြီး ရမ်းကန်လိုက်တာဟာ သရဲနီတွေရဲ့ကယ်တင်ရှင်ချစ်စရာဗန်ဒါးဆားဂိုးသမားလေးဟာ ဘယ့်လို ဘယ်လိုမှ မတတ်နိုင်ပဲ ချေပဂိုးကိုပြန်လည်ပေးလိုက်ရပါတော့တယ်။ထပ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ချေပဂိုးပြန်ပေးလိုက်ရတဲ့အချိန်ဟာ ချဲလ်ဆီးရဲ့အမာခံပရိတ်သတ် လွမ်းလုင် ရဲ့အသက်နဲ့တိုက်ဆိုင်နေပြန် ပါတယ်။(တစ်ကယ့်အသက်အမှန်တော့ မဖြစ်နိုင်ပါ ရုပ်ကိုကြည့်၍ ပြောခြင်းဖြစ်ပါသည် :P) မှတ်ပြီလား ? ဒါကတော့တစ်ဖက်နဲ့တစ်ဖက် ဂိုးရကြပုံလေးပါ။ဆက်လက်တင်ပြရမယ်ဆိုရင်တော့....
တစ်ဖက်အသင်းဟာ နိုင်လိုဇောကြီးပြီးဖလားကြီးကိုအင်မတန်မှ လိုချင်တပ်မက်နေတာကြောင့် သရဲနီတွေကို ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ပါတယ်။သွေးထွက်သံယိုဖြစ်တဲ့အထိကို တစ်ဖက်အသင်းဟာ မညှာမတာကစားခဲ့ကြပါတယ်။အင်မတန်မှ နာမည်ကြီးပါတယ် ဆိုတဲ့တစ်ဖက်အသင်းက ကျွဲကြီးလို့ခေါ်တဲ့ အိုက်ဗရီကို့စ်သား မျက်နှာမြင်ရိုက်ချင်ပါစေဆိုတဲ့ ဆုတောင်းကိုမတောင်းပဲပြည့်တဲ့ ဒရော့ဘာဆိုတဲ့ ရုပ်ခပ်ဆိုးဆိုးအသားမဲမဲငနဲကြီးဟာ ပွဲပြီးခါနီးမှာ အလုပ်နဲ့ရုပ်နဲ့လိုက်ဖက်စွာ ကြမ်းရမ်းခဲ့တာကြောင့် အနီကတ်နဲ့ ကွင်းထဲကနေ လက်ပြနှုတ်ဆက်ပြီး သူတို့ရဲ့အ၀တ်လဲခန်းမှာ သွားရောက်ငိုကြွေးနေခဲ့ရပါတယ်။(ဒရော့ဘာအကြောင်းသိလားဆိုတဲ့ လူကြီးရေ..တစ်ကယ်သိသွားပြီ ဒရော့ဘာအကြောင်း :P)

ဆက်ပြောရမယ်ဆိုရင်ဖြင့်.. အားလုံးသိပြီးတဲ့အတိုင်းနောက်ဆုံးမှာ သရဲနီတို့ချန်ပီယံဆုဖလားကြီးကိုဆွတ်ခူးသွားပါတော့တယ်။ ချန်ပီယံဆုကြီးကို သရဲနီတို့ကိုင်မြှောက်အောင်ပွဲခံနေတဲ့အချိန်မှာတော့ ကျွန်တော့်ရဲ့ချစ်တပည့်ကြီး ချဲလ်ဆီးပရိတ်သတ် ခုတစ်လော အသဲကွဲနေပါတယ်ဆိုတဲ့ လွမ်းလုင် တစ်ယောက်ဟာ အရှုံးကိုရင်မှာပိုက်လို့ မှောင်မိုက်မှာ ငိုကြွေး၊တစ်ပူပေါ်နှစ်ပူဆင့်၊ရည်းစားနဲ့ကွဲ တာတောင်ဒီလောက်မခံစားရဘူးဆိုပြီး အရူးတစ်ပိုင်း နဲ့လမ်းမပေါ်မှာ အ၀တ် မပါတစ်ကိုယ်တည်း လျှောက်ပတ်ပြေးနေပါ တော့တယ်ဗျား

p:s- ကိုယ်ကြိုက်တဲ့အသင်းကလူတွေကိုအကောင်းပြောပြီး ပြိုင်ဖက်အသင်းကို ခပ်နာနာလေးပြောတတ်ကြတဲ့ လူတွေရဲ့သဘာဝ အတိုင်း ကျွန်တော်လည်း ဒီပို့စ်လေးကိုရေးလိုက်မိပြီဗျာ။ပျော်စရာဟာသအဖြစ်သာ ဖန်တီးလှောင်ပြောင်ထားခြင်းဖြစ်ပါတယ်။ တစ်ဖက်သားနစ်နာစေလိုသော ဆန္ဒအစစ်အမှန် လုံးဝမရှိပါ။ လောင်းကြေးအရ ဟာသရေးလိုက်ရခြင်းဖြစ်ပါတယ်။:P တစ်ဖက်သားရဲ့ ပျော်စရာဟာ တစ်ဖက်သားအတွက် နစ်နာစရာဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်နွေမုန်တိုင်း အထူးတောင်းပန်ပါကြောင်း။

8 Comments:

May Moe said...

WOW! Very Nice Post :P


United: Kings of Europe!

Anonymous said...

ကော်မန့်နဲ့မပြောဘူး ပို့စ်နဲ့ပြောမယ်...း(

Anonymous said...

ဟားဟားး သူများအမြင်ကတ်အောင် လုပ်ချလိုက်ပြီးး) အနော်တို့ ကတော့ပျော်မှပျော် လွမ်းလုင်ကလည်း ပို့ စ်တင်အုံးမယ်ဆိုပါလား စိတ်ဝင်စားတယ် ချ ချ ။

ein said...

ဂါဂါလွမ်းလုင် အဲကိုမုန်တိုင်းကြီးကို အပီတွယ်ဖို့ မြန်မြန်တင်တော့ ပို့ဒ်ကို ငါလည်းတိချင်နေပီနော်...း)
အဲ့ လောင်းကြေးအရ ဟာသရေးလိုက်ရခြင်းဖြစ်ပါတယ်ဆိုပါလားနော် ဂလိုဆို ကိုမုန်တိုင်းကြီး ပျော်နေတာပေါ့လေ ...အလွမ်းတွေအားအဲလို ဖြေပြီး ဖျောက်ထားရခြင်းပေါ့နော် ဟုတ်တယ်ဟုတ်...:P

လင်းထက် said...

ဟေး ဟေး လောင်းကြေးလဲနိုင်ဘောလုံးလဲနိုင် လို့အထူးဝမ်းမြောက်ပါကြောင်း..။

Unknown said...

အော်.... လွမ်းလုလင်က ချားလ်ဆီးလား.....
မုန်တိုင်း ဖလာပေါင်ပြီး ဘီယာမော့ရင် ငါ့ကိုလက်တို့အုံးဟ

မေမိုးမခ said...

အင်း ပျော်စရာကြီး မေမိုးသာ ကိုလွမ်ူလုင်ဆိုရင် ငိုချလိုက်မှာ ဟိဟိ။

စိုးထက် - Soe Htet ! said...

ချယ်လ်ဆီးကွ ... ဒါပဲ :P

 

blogger templates | Make Money Online