တစ်ကြိမ်တစ်ခါက
အကြိမ်တစ်ရာမက
ပြောခဲ့ဖူးတဲ့ စကားလုံးတွေ
သတိတရ နဲ့ တမ်း တစ်တတ ပါပဲ။
အားလုံးကိုကျောခိုင်း
ထင်ရာစိုင်းပြီး
လောက ဇာတ်ခုံပေါ်
လင်းတစ်လှည့် မှိန်တစ်လှည့်
ဘ၀ကို ရင်ဆိုင်ရင်း
အတိတ်ကို လွမ်းတယ်။
ခန္ဓာကိုယ်ပျက်သုဉ်း
ကမ္ဘာမြေ ပျောက်ဆုံးတောင်
အနားမှာ ရှိချင်ခဲ့သူ။
ဝေးတစ်မြေခြားလို့
သူစိမ်းတွေ ဖြစ်နေရော့သလား
မမေ့ဘူးဒီရင်မှာ.
မနေ့ က ငါပါပဲ..........။
မှတ်ချက်။ ။ အားလုံးကို သတိရလျှက် ...................။
June 28, 2008
“မပြောင်းလဲဘူး”
POSTED BY နွေမုန်တိုင်း 7 COMMENTS
Labels: ကဗျာ
May 28, 2008
ခွဲခွါခြင်းမှတ်တိုင်

၂၀၀၈ ခုနှစ် မတ်လပတ်ဝန်းကျင်...
POSTED BY နွေမုန်တိုင်း 24 COMMENTS
Labels: နှုတ်ဆက်ခြင်း
May 25, 2008
မျှော်လင့်နေဆဲ ~~~
POSTED BY နွေမုန်တိုင်း 5 COMMENTS
Labels: အလွမ်းတစ်ချို့
ပြတ်တောက်သွားတဲ့ကြိုးတစ်ချောင်း
POSTED BY နွေမုန်တိုင်း 12 COMMENTS
Labels: poem
May 22, 2008
သရဲနီတို့အောင်ပွဲ
POSTED BY နွေမုန်တိုင်း 8 COMMENTS
Labels: ပျော်စေ သရော်စေ
May 19, 2008
အမောင့် အလွမ်း
အခုတော့မောင်တစ်ယောက် ခင်နဲ့ အဝေးကြီးမှာနေပြီး အနာဂတ်လေးလှဖို့ ကြိုးစားနေပါတယ်ခင်။ မောင်သတိရသလိုခင်လည်း သတိရနေမယ်ဆိုတာ မောင်ယုံကြည်တယ်။ သတိရတဲ့အခါမောင်ပြောတာကိုတွေကိုပြန်လည်ကြားယောင်ပြီး ဖြေသိမ့်လိုက်ပါ။ ဘယ်လောက် ဝေးဝေး သစ္စာမပျက်ကြေးနော်။ ပေးခဲ့တဲ့ဂတိတွေနဲ့ ထားခဲ့တဲ့မေတ္တာတရားတွေက အိပ်မက်မဟုတ်ခဲ့သလို ပုံပြင်တွေ လည်းမဟုတ်ခဲ့ဘူးဆိုတာ ခင်နားလည်ရင် အဝေးတစ်နေရာက မောင်တစ်ယောက် ခင့်ကိုလွမ်းရကျိုးနပ်ပါတယ်ခင်။
p:s- ကျွန်တော်နဲ့ခွဲပြီး အဝေးကြီးမှာ ရှိနေတဲ့ကြင်နာသူအတွက် ကျွန်တော့်ရဲ့ အလွမ်းတစ်ချို့ပါ။ ချစ်သူနဲ့ခွဲပြီး အဝေးတစ်နေရာတွေဆီ မှာ ရှိနေတဲ့သူတွေ အားလုံး လွမ်းတတ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။POSTED BY နွေမုန်တိုင်း 15 COMMENTS
Labels: အလွမ်းတစ်ချို့
May 14, 2008
သူ
ရင်ထဲမှာ ခံစားနေရတဲ့ ဝေဒနာတွေကို ဖြေဖို့ ကြင်နာသူ ချစ်ဇနီးကလည်း ဘေးမှာ မရှိ။ ကြင်နာလို့မှ မ၀သေးခင် သူ့ကြောင့် ချစ်တဲ့သူနဲ့ ခဏခွဲခဲ့ရတယ်။ကျွန်တော်တို့နှစ်ယောက်ရဲ့ အနာဂတ်အတွက် သူ့ကို ကျွန်တော်အသည်းအသန် လိုက်ရှာရအုန်းမယ်။ သူ့နောက်ကိုလိုက်ရင်း နဲ့ ကြင်နာသူနဲ့ ဝေးမှန်းမသိ ဝေးရမယ့် ဘ၀မျိုးကိုတော့ ကျွန်တော်မလိုလားပါဘူး။ လောကကြီးမှာ လူတွေက လူတွေကို သူ့ ပိုင်ဆိုင်မှု အရေအတွက်နဲ့ တန်ဖိုးဖြတ်ကြတယ်။ သူ့ကိုများများပိုင်ဆိုင်တဲ့သူကို သူဌေး တဲ့။ အလယ်အလတ်လောက် ပိုင်ဆိုင်တဲ့ သူကိုကျတော့ လူတန်းစေ့ နေနိုင်တဲ့သူတဲ့။ အနည်းအကျဉ်းလေးပိုင်ဆိုင်တဲ့ သူကိုကျတော့ ဘယ်သူကမှ အဖတ်မလုပ်ချင်ကြတော့ဘူး။ကျွန်တော်သူ့ကိုတော်တော်လေးမနာလိုဖြစ်မိတယ်။ သူ့ကြောင့်ကမ္ဘာ လောကကြီး လည်ပတ်နေတယ်ဆိုရင်တောင် မမှားတော့ဘူး။ တော်တော်ကမ္ဘာကိုပိုင်စိုးတဲ့ သူ။ POSTED BY နွေမုန်တိုင်း 5 COMMENTS
Labels: Essay
May 13, 2008
နာဂစ်
POSTED BY နွေမုန်တိုင်း 1 COMMENTS
Labels: Essay
<== သရဲနီတို့ပျော်စံရာသို့ ==>




